Module 2: The MRI Machine and You: What to Expect
Module 2: The MRI Machine and You: What to Expect
MRI စက်နှင့် သင်ဘာတွေမျှော်လင့်ထားသင့်သလဲ
Before the Scan
စကင်မရိုက်ခင်
Screening Form: You will fill out a very important safety form. It asks about any metal in your body, like implants, pacemakers, or metal fragments.
စစ်ဆေးမေးမြန်းခြင်းပုံစံ - သင် ဘေးကင်းရေးအတွက် အလွန်အရေးကြီးတဲ့ ပုံစံတစ်ခုကို ဖြည့်ရပါမယ်။ ၎င်းမှာ သင့်ခန္ဓာကိုယ်ထဲရှိ သတ္ထုပစ္စည်းများ (ဥပမာ- ခန္ဓာကိုယ်အတွင်းတပ်ဆင်ထားသော ပစ္စည်းများ၊ နှလုံးခုန်စက်ပြင်ပကပ်ပစ္စည်းများ သို့မဟုတ် သတ္ထုအကြွင်းအကျန်များ) အကြောင်း မေးမြန်းထားပါသည်။
Changing Clothes: You may be asked to change into a hospital gown to remove any metal from your clothing, like zippers or buttons.
အဝတ်အစားလဲခြင်း - သင့်အဝတ်အစားထဲက သတ္ထုပစ္စည်းတွေ (ဥပမာ- ဇစ်၊ ခလုတ်) ဖယ်ရှားဖို့ ဆေးရုံဝတ်စုံကို လဲခိုင်းနိုင်ပါတယ်။
Removing Metal: You must remove all jewelry, watches, glasses, and hairpins. Even items in your pockets like keys, coins, and credit cards can be dangerous and will be damaged.
သတ္ထုပစ္စည်းများဖယ်ရှားခြင်း - လက်ဝတ်ရတနာတွေ၊ နာရီ၊ မျက်မှန်၊ ဆံထိုးသီး စတာတွေအားလုံးကို ချွတ်ရပါမယ်။ သင့်အိတ်ထဲက သော့၊ ဒင်္ဂါး၊ ကဒ်အမျိုးမျိုးတို့ကလည်း အန္တရာယ်ရှိပြီး ပျက်စီးသွားနိုင်ပါတယ်။
During the Scan
စကင်ရိုက်နေစဉ်
The Bed: You will lie down on a comfortable bed that slides into the center of the machine, which is like a short tunnel.
ခုတင် - သင် သက်သောင့်သက်သာရှိတဲ့ ခုတင်ပေါ်မှာ လဲလျောင်းရပါမယ်။ ထိုခုတင်သည် တူးမြောင်းတိုတစ်ခုလိုမျိုး စက်ရဲ့ အလယ်ဗဟိုထဲသို့ ဝင်သွားပါမယ်။
Staying Still: It is VERY IMPORTANT to lie completely still during the scan. Any movement can blur the pictures, just like a camera.
ငြိမ်ငြိမ်နေခြင်း - စကင်ရိုက်နေစဉ် လုံးဝမလှုပ်ဘဲ ငြိမ်ငြိမ်နေဖို့ အလွန်အရေးကြီးပါတယ်။ ဘယ်လှုပ်ရှားမှုမဆို ကင်မရာလိုပဲ ဓာတ်ပုံတွေကို မှုန်ဝါးသွားစေနိုင်ပါတယ်။
The Noise: You will hear loud, repetitive knocking, tapping, or buzzing sounds. This is normal! You will be given earplugs or headphones to protect your hearing.
အသံကျယ်ကျယ် - အသံကျယ်ကျယ်၊ ထပ်ကာထပ်ကာ တိုက်ခတ်သံ၊ တဂျစ်ဂျစ်မြည်သံတွေ ကြားရပါမယ်။ ဒါပုံမှန်ပါပဲ! သင့်အကြားအာရုံကို ကာကွယ်ဖို့ နားအူတံ (Earplugs) ဒါမှမဟုတ် နားကြပ်တွေ ပေးထားပါလိမ့်မယ်။
Communication: You will have a call button in your hand. You can squeeze it to talk to the technologist at any time if you feel uncomfortable or scared. They can also see and hear you.
ဆက်သွယ်ရေး - သင့်လက်ထဲမှာ ခေါ်ဆိုရန် ခလုတ်တစ်ခု ရှိပါမယ်။ သင် မသက်မသာဖြစ်တယ် ဒါမှမဟုတ် ကြောက်တယ်ဆိုရင် ဘယ်အချိန်မဆို နည်းပညာရှင်နဲ့ စကားပြောဖို့ အဲဒီခလုတ်ကို ညှစ်နိုင်ပါတယ်။ သူတို့ကလည်း သင့်ကို မြင်တွေ့နေပြီး ကြားနေရပါတယ်။
After the Scan
စကင်ရိုက်ပြီးနောက်
There are no special after-effects. You can usually go home and resume your normal activities immediately.
အထူးဘေးထွက်ဆိုးကျိုးများ မရှိပါ။ သင်သည် ပုံမှန်အားဖြင့် အိမ်ပြန်သွားပြီး သင့်ပုံမှန်လုပ်ငန်းဆောင်တာတွေကို ချက်ချင်းပြန်လုပ်နိုင်ပါတယ်။
A specialized doctor (a radiologist) will look at the images and send a report to your doctor, who will then discuss the results with you.
အထူးကုဆရာဝန်တစ်ဦး (ဓာတ်မှန်ဆရာဝန်) က ပုံတွေကိုကြည့်ပြီး အစီရင်ခံစာတစ်စောင် ရေးကာ သင့်ဆရာဝန်ထံ ပို့ပေးပါလိမ့်မယ်။ သင့်ဆရာဝန်ကမှ ရလဒ်ကို သင့်အားရှင်းပြပါလိမ့်မယ်။
FAQs (with Answers in English & Myanmar)
FAQ 1:
Q: Why do I need to fill out a safety form before MRI?
A: Because the machine uses strong magnets. If you have metal inside your body, it can be dangerous.
Q: MRI မရိုက်ခင် ဘေးကင်းရေးပုံစံ ဘာလို့ ဖြည့်ရတာလဲ?
A: MRI စက်မှာ သံလိုက်အင်အားပြင်းများ အသုံးပြုပါတယ်။ ခန္ဓာထဲမှာ သတ္ထုတပ်ဆင်ထားရင် အန္တရာယ်ရှိနိုင်ပါတယ်။
FAQ 2:
Q: Why do I need to change into a hospital gown?
A: To make sure no hidden metal like zippers or buttons are on your clothes.
Q: ဘာကြောင့် ဆေးရုံဝတ်စုံကို ဝတ်ဖို့ လိုတာလဲ?
A: သင့်အဝတ်အစားထဲမှာ ဇစ်၊ ခလုတ် စသည့် သတ္ထုရှိမနေအောင် လိုအပ်တာပါ။
FAQ 3:
Q: What metals do I need to remove before MRI?
A: All jewelry, watches, glasses, keys, coins, and even credit cards.
Q: MRI မတိုင်ခင် ဘယ်သတ္ထုပစ္စည်းတွေ ဖယ်ဖို့ လိုတာလဲ?
A: လက်ဝတ်ရတနာ၊ နာရီ၊ မျက်မှန်၊ သော့၊ ဒင်္ဂါး၊ ကဒ်တွေ အားလုံးပါ။
FAQ 4:
Q: What kind of bed do I lie on?
A: A soft, comfortable bed that slides into the tunnel-like machine.
Q: ဘယ်လို ခုတင်ပေါ်မှာ လဲလျောင်းရမလဲ?
A: အဆင်ပြေသက်သာတဲ့ ခုတင်ပေါ်မှာ လဲရပြီး စက်အတွင်းသို့ ဝင်သွားမယ်။
FAQ 5:
Q: Why must I stay very still during the scan?
A: Because moving makes the pictures blurry, like shaking a camera.
Q: စကင်ရိုက်စဉ် ဘာကြောင့် မလှုပ်သင့်သလဲ?
A: လှုပ်လျင် ပုံတွေ မှုန်ဝါးသွားတယ်၊ ကင်မရာကို ကခါးထားသလိုပါ။
FAQ 6:
Q: Why is the MRI machine so noisy?
A: The sounds are normal and come from the magnets working.
Q: MRI စက်က ဘာကြောင့် အသံကျယ်လဲ?
A: ဒါဟာ သဘာဝပုံမှန်အသံဖြစ်ပြီး သံလိုက်စက်က အလုပ်လုပ်နေတာပါ။
FAQ 7:
Q: Will the noise hurt my ears?
A: No, because you will be given earplugs or headphones.
Q: အသံကြောင့် နားမကျက်ပါ့မလား?
A: မဖြစ်ပါဘူး၊ နားအူတံ သို့မဟုတ် နားကြပ် ပေးမယ်။
FAQ 8:
Q: What if I feel scared during the scan?
A: You can press the call button to talk with the technologist.
Q: စကင်ရိုက်နေစဉ် ကြောက်သွားရင် ဘာလုပ်ရမလဲ?
A: ခလုတ်ကို ညှစ်ပြီး နည်းပညာရှင်နဲ့ စကားပြောနိုင်ပါတယ်။
FAQ 9:
Q: Do I need to rest after the MRI?
A: No, you can go home and do normal activities right away.
Q: MRI ပြီးတဲ့နောက် အနားယူဖို့ လိုမလား?
A: မလိုပါဘူး၊ အိမ်ပြန်ပြီး ပုံမှန်အလုပ်တွေကို ချက်ချင်း ပြန်လုပ်နိုင်ပါတယ်။
FAQ 10:
Q: Who looks at my MRI pictures?
A: A radiologist (special doctor) studies them and sends a report to your doctor.
Q: MRI ပုံတွေကို ဘယ်သူ ကြည့်ပေးမလဲ?
A: ဓာတ်မှန်ဆရာဝန် (အထူးကု) ကြည့်ပြီး သင့်ဆရာဝန်ထံ အစီရင်ခံစာပို့မယ်။
Youtube Link to watch
https://www.youtube.com/shorts/e4z-pEEYjQc
There are no comments for now.