-
Uncategorized
-
- Join this Course to access resources
-
-
-
Employee Hand Book- 2025, Winword File
မာတိကာ
အခန်း အကြောင်းအရာ စာမျက်နှာ
၁။ မာတိကာ ၁/၂/၃/၎
၂။ အလုပ်ခန့်ထားခြင်း ၅
(၂.၁) အလုပ်ခန့်ထားခြင်းဆိုင်ရာမူဝါဒ
(၂.၂) အလုပ်ခန့်ထားခြင်းအမျိုးအစား
(၂.၂.၁) အစမ်းခန့်ဝန်ထမ်းအဖြစ်ခန့်ထားခြင်း
(၂.၂.၂) အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခြင်း
(၂.၂.၃) စာချုပ်သက်တမ်းဖြင့်ငှားရမ်းခန့်ထားခြင်း
(၂.၂.၄) အချိန်ပိုင်းငှားရမ်းခန့်ထားခြင်း
(၂.၃) လုပ်သက်တွက်ချက်ခြင်း
၃။ အလုပ်ချိန်နှင့်အလုပ်နားရက် ၆
(၃.၁) အလုပ်ဆင်းချိန်သတ်မှတ်ခြင်း
(၃.၂) အလုပ်နားရက်သတ်မှတ်ခြင်း
၎။ ခွင့်ရက်နှင့်စည်းမျဉ်းစည်းကမ်းများ ၆
(၄.၁) ခွင့်အမျိုးအစားနှင့်ခွင့်စည်းမျဉ်းစည်းကမ်း
(၄.၁.၁) ရှောင်တခင်ခွင့် ၇
(၄.၁.၂) လုပ်သက်ခွင့် ၈
(၄.၁.၃) ဆေးခွင့်
(၄.၁.၄) လက်ထပ်ခြင်းဆိုင်ရာခွင့် ၉
(၄.၁.၅) မီးဖွားခွင့်
(၄.၁.၆) မီးဖွားစောင့်ရှောက်ခွင့် ၁၀
(၄.၁.၇) နာရေးခွင့်
(၄.၁.၈) လစာမဲ့ခွင့်
(၄.၁.၉) ယာယီမသန်စွမ်းခွင့် ၁၁
(၄.၂.၀) ခွင့်ထိပ်ပိတ်နောက်ပိတ်ယူခြင်း
(၄.၂) ခွင့်မဲ့/ခွင့်ရက်ကျော်လွန်ပျက်ကွက်ခြင်း ၁၂
(၄.၃) တာဝန်ချိန်အဖြစ်သတ်မှတ်ခြင်း
(၄.၄) ခွင့်လျှောက်ထားခြင်းဆိုင်ရာစည်းကမ်းချက်များ
(၄.၅) ခွင့်ပေးပိုင်ခွင့်ရှိသူလိုက်နာဆောင်ရွက်ရမည့်အချက်များ ၁၃
၅။ လစာ၊ အချိန်ပိုနှင့်အခြားခံစားခွင့်များ
(၅.၁) လစာနှင့်ခံစားခွင့်များ
(၅.၂) လုပ်အားခတွက်ချက်ခြင်း
(၅.၃) နေ့စဉ် ၀န်ထမ်းစာရင်း စစ်ဆေးခြင်း ၁၄
(၅.၄) လစာငွေထုတ်ပေးခြင်း
(၅.၅) မူရင်းလစာနှင့်အချိန်ပို
(၅.၆) အခြားခံစားခွင့်များ ၁၅
(၅.၆.၁) သင်တန်းပေးအပ်ခြင်း
(၅.၆.၂) လှူဒါန်းငွေပေးအပ်ခြင်း ၁၆
(၅.၆.၃) လုပ်ငန်းခွင်အတွင်းထိခိုက်မှုများအတွက်ထောက်ပံ့ကြေး
(၅.၆.၄) လက်ဖွဲ့ငွေပေးအပ်ခြင်း
(၅.၆.၅) ဆုချီးမြှင့်ခြင်း
(၅.၆.၆) တယ်လီဖုန်းခံစားခွင့်
(၅.၆.၇) ခရီးသွားခြင်းဆိုင်ရာခံစားခွင့် ၁၇
(၅.၆.၈) နိုင်ငံခြားခရီးသွားခံစားခွင့် ၁၇/၁၈
(၅.၆.၉) လူမှုဖူလုံရေးအာမခံကြေးခံစားခွင့် ၁၉
(၅.၆.၁၀) နှစ်ပတ်လည်ဆုချီးမြှင့်ခြင်း
၆။ လစာတိုးမြှင့်ခြင်း၊ ရာထူးတိုးမြှင့်ခြင်းနှင့်ဌာနပြောင်းရွှေ့ ခြင်း ၁၉
(၆.၁) လစာရင်းတိုးမြှင့်ခြင်း
(၆.၂) ရာထူးတိုးမြှင့်ခြင်း ၂၀
(၆.၃) ဌာနပြောင်းရွှေ့ ခြင်း
၇။ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းနှင့် ကျင့်ဝတ်များ ၂၀/၂၁
(၇.၁) ဝန်ထမ်းကျင့်ဝတ်
(၇.၂) လုပ်ငန်းခွင်ဧရိယာနှင့်တာဝန်ချိန်စည်းမျဉ်း ၊ စည်းကမ်းများ ၂၂
(၇.၃) ဝန်ထမ်းကဒ်နှင့်တူညီဝတ်စုံစည်းမျဉ်းစည်းကမ်းများ
(၇.၃.၁) ဝန်ထမ်းကဒ်
(၇.၃.၂) တူညီဝတ်စုံ
(၇.၄) ကုမ္ပဏီ၏အမည်နှင့်ဂုဏ်သိက္ခာအားထိန်းသိမ်းစောင့်ရှောက်ခြင်း ၂၃
(၇.၅) လုပ်ငန်းခွင်အတွင်းဆက်ဆံရေး
(၇.၆) Department Head များထားရှိရမည့်စိတ်ထား ၂၄
၈။ ဝန်ထမ်းဆိုင်ရာပြစ်မှုများ ၂၅
(၈.၁) ဝန်ထမ်းအားသတိပေးခြင်းနှင့်အလုပ်မှထုတ်ပယ်ခြင်း
(၈.၁.၁) ပထမအကြိမ်နှုတ်ဖြင့်သတိပေးခြင်း (က) အဆင့်
(၈.၁.၂) ပထမအကြိမ်စာဖြင့်သတိပေးခြင်း (ခ) အဆင့် ၂၆
(၈.၁.၃) ဒုတိယအကြိမ်စာဖြင့်သတိပေးခြင်း (ဂ) အဆင့်
(၈.၁.၄) နောက်ဆုံးအကြိမ်စာဖြင့်သတိပေးခြင်း (ဃ) အဆင့် ၂၇
(၈.၁.၅) အလုပ်မှထုတ်ပယ်ခြင်းအဆင့်
(၈.၁.၆) ဝန်ခံလက်မှတ်ရယူခြင်း ၂၈
(၈.၂) ပြန်လည်ခန့်အပ်ခြင်းအတွက်အချိန်သတ်မှတ်ခြင်း
(၈.၃) ကုမ္ပဏီ၏ထောက်ခံချက် (Recommend Letter) ပေးအပ်ခြင်း ၂၉
၉။ နှုတ်ထွက်ခြင်း ၊ တာဝန်မှရပ်စဲခြင်း နှင့် ကရုဏာကြေးပေးအပ်ခြင်း ၂၉/၃၀
(၉.၁) အလုပ်တာဝန်မှရပ်နားခြင်း
(၉.၁.၁) ဝန်ထမ်း၏ဆန္ဒအရနှုတ်ထွက်ခြင်း
(၉.၁.၂) အလုပ်မှရပ်ဆိုင်းခြင်း ၃၀
(၉.၁.၃) ဝန်ထမ်းကျင့်ဝတ်၊စည်းမျဉ်းစည်းကမ်းနှင့်မညီညွတ်၍အလုပ်တာဝန်မှရပ်စဲခြင်းနှင့် ထုတ်ပယ်ခြင်း
(၉.၁.၄) ကွယ်လွန်ခြင်း
(၉.၂) ကရုဏာကြေးပါသော အလုပ်မှရပ်နားခြင်း
(၉.၃) ကရုဏာကြေးမပါသော အလုပ်မှရပ်နားခြင်း ၃၁
(၉.၄) ကြိုတင်အသိပေး၍ အလုပ်မှတာဝန်မှရပ်စဲခြင်း ၃၂
(၉.၅) အလုပ်လွှဲပြောင်းလက်ခံခြင်း
၁၀။ အငြင်းပွားမှုနှင့် မကျေနပ်မှုများ
၁၁။ အတည်ပြုသက်ရောက်ခြင်း
အခန်း ( ၂ )
အလုပ်ခန့်ထားခြင်း
၂.၁။ အလုပ်ခန့်ထားခြင်းဆိုင်ရာမူဝါဒ
လုပ်ငန်းတာဝန်များနှင့် ကိုက်ညီသော အရည်အချင်း ပြည့်ဝသည့် ကျန်းမာကြံ့ခိုင်သော အသက် (၁၈)နှစ်ပြည့်ပြီးသူ တိုင်းအား ကုမ္ပဏီ၏ ဝန်ထမ်းရေးရာမူဝါဒနှင့်အညီရွေးချယ်သွားပါမည်။
၂.၂။ အလုပ်ခန့်ထားခြင်းအမျိုးအစား
(၂.၂.၁) အစမ်းခန့်ဝန်ထမ်းအဖြစ်ခန့်ထားခြင်း။
(၂.၂.၁.၁) ရွေးချယ်ခန့်ထားသည့် ဝန်ထမ်းများအားလုံးသည် လုပ်ငန်းစတင်သည့်နေ့မှစ၍ တာဝန် (၃) လတိတိ အစမ်းခန့်ကာလအဖြစ် သတ်မှတ်တာဝန် ထမ်းဆောင်ရမည်။
မှတ်ချက် - Management Level များသည် အစမ်းခန့် ကာလမှာ (၆) လဖြစ်သည်။
(၂.၂.၁.၂) အစမ်းခန့်ကာလအတွင်း လုပ်ငန်းတွင်ဆက်လက်ခန့်ထားရန် မသင့်လျော်သူများကို ကုမ္ပဏီမှ(၁)လကြိုတင် အကြောင်းကြားပြီး အလုပ်မှရပ်စဲခြင်း (Termination) ပြုလုပ်နိုင် သည်။
(၂.၂.၂) အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခြင်း။
အစမ်းခန့်ကာလတွင် တာဝန်ထမ်းဆောင်ခဲ့သော လုပ်ရည်ကိုင်ရည်နှင့် AS Score အတိုင်းအကဲဖြတ်၍ အမြဲတမ်းဝန်ထမ်းအဖြစ်အတည်ပြုခန့်ထားပါမည်။
(၂.၂.၃) စာချုပ်သက်တမ်းဖြင့် ငှားရမ်းခန့်ထားခြင်း။
ငှားရမ်းသည့်သတ်မှတ် သက်တမ်းအတွင်း နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် ခန့်ထားတာဝန် ပေးမည်ဖြစ်သည်။
(၂.၂.၄) အချိန်ပိုင်း ငှားရမ်းခန့်ထားခြင်း။
လုပ်ငန်းလိုအပ်ချက်အရ အချိန်ကာလတစ်ခု သတ်မှတ်ပြီး လုပ်ငန်းခွင် အတွင်း အချိန်ပိုင်းအလုပ် လုပ်နိုင်သော ဝန်ထမ်းများကို ညှိနှိုင်းလုပ်ခဖြင့် ငှားရမ်းခန့်ထားမည်ဖြစ်သည်။
အပိုင်း (၂.၂.၁)၊ (၂.၂.၃)၊ (၂.၂.၄) အရ ခန့်ထားသော ဝန်ထမ်းများသည် အမြဲတမ်းဝန်ထမ်းများနည်းတူ ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။
အမြဲတမ်းဝန်ထမ်းများကဲ့သို့ ခွင့်နှင့်အခြားသောခံစားခွင့်များကို ရရှိမည်မဟုတ်ပါ။ အဆိုပါဝန်ထမ်းများအား ကရုဏာ ကြေးနှင့် အခြားသော ထောက်ပံ့ကြေးများ မပါဘဲအလုပ်မှ အချိန်မရွေး ရပ်နားနိုင်သည်။ အမြဲတမ်းဝန်ထမ်းအဖြစ် လျှောက် ထားလိုပါက လျှောက်ထားခွင့်ပြုမည်။
၂.၃။ လုပ်သက်တွက်ချက်ခြင်း။
အစမ်းခန့်ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ဝန်ထမ်း၏လုပ်သက်ကိုတွက်ချက်သည်။
အခန်း ( ၃ )
အလုပ်ချိန်နှင့်အလုပ်နားရက်
၃.၁။ အလုပ်ချိန်သတ်မှတ်ခြင်း။
(၃.၁.၁) နံနက်(၈:၃၀)နာရီ မှ ညနေ(၁၈:၀၀)နာရီအထိ အလုပ်ချိန်သက်မှတ်သည်။
(၃.၁.၂) လုံလောက် သောအကြောင်းပြချက်မရှိဘဲ အလုပ်ခွင်သို့ သက်မှတ်အချိန်ထက် နောက်ကျရောက်ခြင်း မရှိရ။
(၃.၁.၃) အလုပ်ချိန်အတွင်း ခွင့်ပြုချက်မရှိဘဲ အလုပ်ခွင်မှ ထွက်ခွာခြင်းမပြုရ။
(၃.၁.၄) အလုပ်ခွင်အတွင်း မိမိအလုပ်ကို အချိန်ပြည့် လုပ်ရမည်။
၃.၂။ အလုပ်နားရက်သတ်မှတ်ခြင်း။
(၃.၂.၁) ရက်သတ္တပတ်လျှင် နှစ်ရက်နားခွင့်ရမည်။
(၃.၂.၂) အစိုးရမှ ပြဌာန်းထားသော ပိတ်ရက် များအားလုံးကို လစာပြည့်ဖြင့် နားရက် အဖြစ် သက်မှတ်ပေးသည်။
မှတ်ချက် - QC Lab မှ ဝန်ထမ်းများအနေဖြင့် ရက်သတ္တပတ်လျှင် တစ်ရက်နားခွင့်ရမည်။
အခန်း ( ၄ )
ခွင့်ရက်နှင့် စည်းမျဉ်းစည်းကမ်းများ
၎.၁။ ခွင့်အမျိုးအစားနှင့် ခွင့်စည်းမျဉ်းစည်းကမ်း
ဝန်ထမ်းများ တာဝန်ထမ်းဆောင်စဉ်အတွင်း မမျှော်မှန်းနိုင်သော ရှောင်တခင်ကိစ္စများအတွက် အဆင်ပြေ ချောမွေ့စေရန် အောက်ပါခွင့်အမျိုးအစားများကို ခွင့်ပြူမည်။
v ကုမ္ပဏီ၏ လုပ်ငန်းတာဝန်များ ထိခိုက်မှုမရှိစေရန်အတွက် ဝန်ထမ်းများ အားလုံးသည် ခွင့်နှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
v သက်မှတ်ထားသောခွင့်စည်းကမ်းများကို ဖောက်ဖျက်၍ ခွင့်မဲ့ပျက်ကွက်ခြင်း မရှိရ။
v လုံလောက်သော အကြောင်းပြချက်မရှိဘဲ ခွင့်ပြုထားသော ခွင့်ရက်များကို ကျော်လွန်ခံစားခွင့်မရှိရ။
(၄.၁.၁) ရှောင်တခင်ခွင့် (Casual Leave)
(၄.၁.၂) လုပ်သက်ခွင့် (Earned Leave)
(၄.၁.၃) ဆေးခွင့် (Medical Leave)
(၄.၁.၄) လက်ထပ်ခြင်းဆိုင်ရာခွင့် (Wedding Leave)
(၄.၁.၅) မီးဖွားခွင့် (Maternity Leave)
(၄.၁.၆) မီးဖွားစောင့်ရှောက်ခွင့် (Paternity Leave)
(၄.၁.၇) နာရေးခွင့် (Funeral Leave)
(၄.၁.၈) လစာမဲ့ခွင့် (Without Pay Leave)
(၄.၁.၉) ယာယီမသန်စွမ်းခွင့် (Temporary Disability Leave)
Ø (၄.၁.၁) ရှောင်တခင်ခွင့် (Casual Leave)
v ပြက္ခဒိန် နှစ်တစ်နှစ်စာအတွင်း ရှောင်တခင်ခွင့် (၆)ရက် ခံစားခွင့်ရှိမည်။
v ၀န်ထမ်းအဖြစ်စတင်ဝင်ရောက်သည့် အချိန်မှစတင်၍ ထိုနှစ်အတွက် အချိုးကျခံစားခွင့်ရှိသည်။
v တစ်ကြိမ်လျှင်အများဆုံး (၃)ရက်ထက်ပို၍ ခံစားခွင့်မရှိပါ။ (၃)ရက်ထက်ပိုခဲ့ပါက လစာမဲ့ခွင့်အဖြစ် သတ်မှတ်သွားမည်။
v ရှောင်တခင်ခွင့်ကို လစာအပြည့်ဖြင့် ခံစားခွင့်ပြုမည်။
v နေ့ဝက်ခွင့်ကို ရှောင်တစ်ခွင်ခွင့်တစ်မျိုးတည်းတွင်သာ ခံစားနိုင်သည်။
v ရှောင်တခင်ခွင့်ကို အခြားမည်သည့်ခွင့်ရက်နှင့်မျှ ပေါင်းစပ်ခံစားခွင့် မရှိပါ။
v ရှောင်တခင်ခွင့်ရက်ကို သက်ဆိုင်သည့် နှစ်အတွင်းမယူလျှင် ပျက်ပြယ်မည်။
v ခွင့်ကြိုတင်လျှောက်ထားခြင်းမရှိဘဲ ရှောင်တခင်ကိစ္စရပ်များကြောင့် ခွင့်ယူရန်ရှိပါကအချိန်မှီ အခြားသူတစ်ဦးအား တာဝန်ချထားနိုင်ရန်အလို့ငှာ မိမိအလုပ်ဝင်ချိန်ထက် တစ်နာရီခန့် ကြိုတင်ပြီး သက်ဆိုင်ရာတာဝန်ခံထံသို့ သင့်တော်သောနည်းလမ်းဖြင့် ကြိုတင်အကြောင်းကြားရမည်။
v ကြိုတင်တိုင်ကြားခြင်းမဟုတ်ပါက ခွင့်မဲ့ပျက်ကွက်ခြင်း (Absence) အဖြစ်သတ်မှတ်ပါမည်။
v လုပ်ငန်းတွင်ကျယ်နိုင်ရန်အလို့ငှာ တွဲဖက်ဖော်ပြပါ ဇယားအတိုင်း လအလိုက်ခွဲဝေ၍ ခံစားနိုင်သည်။
မှတ်ချက် - မဖြစ်မနေအရေးပေါ်ကိစ္စရပ်ကြောင့် ဌာနမူးခွင့်ပြုချက်ဖြင့် ခွင့်ကိုလကန့်သန့်ချက်အားပယ်ဖြတ် ၍ယူနိုင်သည်။
Service Year |
Day |
1 Month |
0 |
2 Months |
1 |
3 Months |
1.5 |
4 Months |
2 |
5 Months |
2.5 |
6 Months |
3 |
7 Months |
3.5 |
8 Months |
4 |
9 Months |
4.5 |
10 Months |
5 |
11 Months |
5.5 |
12 Months |
6 |
Ø (၄.၁.၂) လုပ်သက်ခွင့် (Earned Leave)
v လုပ်သက်တစ်ဆက်တည်း ဆယ့်နှစ်လပြည့်သော ဝန်ထမ်းများအတွက် နောင်လာမည့် ပြက္ခဒိန်နှစ် အတွင်း လုပ်သက်ခွင့် (၁၀)ရက် ခံစားခွင့်ရှိသည်။
v ဝန်ထမ်းသည် တစ်လလျှင် အနည်းဆုံး (၂၀) ရက်အလုပ်လုပ်ခဲ့သူဖြစ်၍ တစ်ဆက်တည်း ဆယ်နှစ်လပြည့်အောင် အလုပ်တာဝန် ထမ်းဆောင်သူဖြစ်လျှင် လုပ်သက်ခွင့်ရက်ကို ခွင့်ပြုပါမည်။
v တစ်နှစ်အတွင်း တစ်လလျှင် (၂၀)ရက်ပြည့်အောင် အလုပ်လုပ်ရက်မရှိခဲ့သော ဝန်ထမ်း၏စုစုပေါင်း လုပ်သက်ခွင့်မှ (၂၀)ရက်မပြည့်သည့် လတစ်လလျှင် တစ်ရက်နှုန်း နှုတ်ယူသွားမည်ဖြစ်သည်။
v လုပ်သက်ခွင့်ကို ပြက္ခဒိန်နှစ်အတွင်းအသုံးပြုခံစားရန်ကျန်နေပါက ဒုတိယပြက္ခဒိန်နှစ်၏ ရရှိမည့် လုပ်သက်ခွင့်ဖြင့် ပေါင်းစပ်ခံစားခွင့်ရှိသည်။ သို့ရာတွင် ပြက္ခဒိန်နှစ် တစ်နှစ်စာသာပေါင်းစပ်ခံစားခွင့် ရှိသည်။
v နှစ်တစ်နှစ်အတွင်း လုပ်သက်ခွင့်မယူပါက (သို့) အလုပ်မှနှုတ်ထွက်ချိန်တွင် လုပ်သက်ခွင့် လက်ကျန်ရှိနေပါက ပြန်အမ်းငွေရပိုင်ခွင့်ရှိသည်။
v လုပ်ငန်းတွင်ကျယ်ရန်အလို့ငှာလုပ်သက်ခွင့်ကို တွဲဖက်ဖော်ပြပါဇယားအတိုင်းခွဲဝေခံစားခွင့်ရရှိမည်။
မှတ်ချက် - မဖြစ်မနေ အရေးပေါ်ကိစ္စရပ်များအား ဌာနမှူးခွင့်ပြုချက်ဖြင့် ခွင့်ကိုတစ်ဆက်တည်း လကန့်သန့် ချက်အား ပယ်ဖျက်၍ယူနိုင်သည်။
Annual Leave Ratio
Jan-Feb-Mar |
Apr-May-Jun |
Jul-Aug-Sep |
Oct-Nov-Dec |
2.5 |
5 |
7.5 |
10 |
Annual Leave Banalce
Jan |
Feb |
Mar |
Apr |
May |
Jun |
Jul |
Aug |
Sep |
Oct |
Nov |
Dec |
10 |
9 |
8 |
7 |
6 |
5.5 |
5 |
4 |
3 |
2.5 |
1.5 |
0 |
Ø (၄.၁.၃) ဆေးခွင့် (Medical Leave)
v ဝန်ထမ်းလုပ်သက် အနည်းဆုံး (၆) လပြည့်ပြီးပါက ဆေးလက်မှတ်ခွင့်ကို ခံစားခွင့် ပြုပါမည်။
v ဝန်ထမ်းသည် ပြက္ခဒိန်တစ်နှစ်လျှင် ဆေးလက်မှတ်ခွင့်ကို လုပ်ခလစာဖြင့် ရက်ပေါင်း (၃၀) ခံစားခွင့်ပြုပါမည်။ အမြဲတမ်းဝန်ထမ်းသည် လုပ်သက်တစ်ဆက်တည်း ခြောက်လမပြည့်ပါက ဆေးလက်မှတ်ခွင့်ကို လစာမဲ့ခွင့်ဖြင့်ခံစား ခွင့်ပြုသည်။
v ဆေးလက်မှတ်ခွင့်ကို လုပ်သက်ခွင့်ဖြင့် ပေါင်းစပ်ရယူနိုင်ပါသည်။ ၎င်းဆေးလက်မှတ်ခွင့်သည် သက်ဆိုင်ရာနှစ် အတွင်းမယူပါကပျက်ပြယ်စေရမည်ဖြစ်သည်။
v ဆေးလက်မှတ်ခွင့်ကို အတည်ပြုနိုင်ရန်အတွက် ဆ/မ မှတ်ပုံတင်ဆရာဝန်ထံမှသော်လည်းကောင်း၊ ကုမ္ပဏီမှအသိအမှတ်ပြုသဘောတူထားသည့်ဆရာဝန်တစ်ဦးဦးထံမှသော်လည်းကောင်း၊လူမှုဖူလုံရေးဆေးပေးခန်း ဆရာဝန်ထံမှသော်လည်းကောင်း ဆေးလက်မှတ်ဖြင့်တင်ပြရပါမည်။
v ဝန်ထမ်းရေးရာမူဝါဒနှင့်ကိုက်ညီမှုမရှိ၊ အကျိုးအကြောင်း ခိုင်မာမှု မရှိသော ဆေးလက်မှတ်များကို လစာမဲ့ခွင့်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်သည်။
v လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်သည့်နေ့တွင် ဆေးလက်မှတ်တင်ပြရမည်။
Ø (၄.၁.၄) လက်ထပ်ခြင်းဆိုင်ရာခွင့်
v အမြဲတမ်းဝန်ထမ်းတစ်ဦး ဖြစ်ပါက လက်ထပ်ခွင့် (၃) ရက်ကို ဆက်တိုက်ခံစားခွင့် ရှိသည်။
v လက်ထပ်ခြင်းခွင့်သည် သက်ဆိုင်ရာဝန်ထမ်း၏ တရားဝင် လက်ထပ်ခြင်း ဖြစ်ရမည်။
v လက်ထပ်ခွင့်ကို တစ်ကြိမ်သာခံစားခွင့်ပြုပါသည်။
v လက်ထပ်ဖိတ်စာ (သို့) လက်ထပ်ကတိသစ္စာပြုလွှာနှင့်တစ်ကွဝန်ထမ်းရေးရာဌာနသို့ (၁၀) ရက်ကြို တင်အကြောင်းကြားတင်ပြရမည်။
Ø (၄.၁.၅) မီးဖွားခွင့် (Maternity Leave)
v သက်ဆိုင်ရာအမျိုးသမီး ဝန်ထမ်းတစ်ဦးသည် တဆက်တည်း လုပ်သက် (၆) လပြည့်လျှင် ကိုယ်ဝန်ဆောင် ကာလအတွင်း မီးဖွားခွင့်ကို မမွေးဖွားမီ (၄၂) ရက်နှင့် မွေးပြီး (၅၆) ရက် အတွက် လစာပြည့်ဖြင့်ခံစားခွင့်ပြုမည်။ မီးဖွားဆရာဝန်၏ မွေးရက်သတ်မှတ်ထားသောဆေးစာပါရှိရပါမည်။
v မီးဖွားခွင့်ကို ဆေးခွင့်နှင့်လုပ်သက်ခွင့်ရှိခဲ့ပါက ပေါင်းစပ်ရယူနိုင်သည်။
v မီးဖွားခွင့်ကို သက်ဆိုင်ရာဆရာဝန်၏ ခန့်မှန်းမီးဖွားရက် (Due Date) ပါသော ဆေးစာနှင့်တကွ ဝန်ထမ်းရေးရာ ဌာနသို့ (၂) လကြိုတင်လျှောက်ထားရမည်။
v တရားဝင် ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း သန္ဓေပျက်သော ကိစ္စရပ်များအတွက်သက်ဆိုင်ရာ ဆရာဝန်၏ ထောက်ခံချက်ဖြင့် မီးဖွားခွင့်အဖြစ် (၆) ပတ်သတ်မှတ်ခွင့်ပြုပါမည်။
v သတ်မှတ်ထားသော မီးဖွားရက်ထက်စော၍ မွေးဖွားခဲ့လျှင် မွေးဖွားပြီးနောက်(၈)ပတ်ကိုစတင် ခံစားရပါမည်။ အစားထိုးပြန်လည် ပေးအပ်ခြင်းမရှိပါ။
v သတ်မှတ်ရက်ထက် နောက်ကျပြီး မွေးဖွားခဲ့ပါလျှင် မီးဖွားခြင်းအထိ ခွင့်ရက်တိုးမြှင့်ပေးရန် မီးဖွားဆရာဝန်၏ ဆေးစာနှင့်တကွ တင်ပြလာပါက ဆေးခွင့်နှင့် လုပ်သက်ခွင့်လက်ကျန်မှ ဆက်လက်ခံစားခွင့် ပြုမည်ဖြစ်သည်။ ခွင့်လက်ကျန်မရှိပါက လစာမဲ့ခွင့် ဖြင့်ခံစားနိုင်သည်။
Ø (၄.၁.၆) မီးဖွားစောင့်ရှောက်ခွင့် (Paternity Leave)
v ၀န်ထမ်းလုပ်သက် အနည်းဆုံး (၆)လ ပြည့်ပြီးပါက မီးဖွားစောင့်ရှောက်ခွင့်ကို ခံစားခွင့်ပြုပါသည်။
v သက်ဆိုင်ရာဝန်ထမ်း၏ မီးဖွားရက်မတိုင်မီ တရားဝင်ဇနီးသည်မီးဖွားဆရာဝန်၏ ဆေးစာဖြင့် တွဲဖက်ကာ (၁၀)ရက် ကြိုတင်၍ ဝန်ထမ်းရေးရာ ဌာနသို့ လျှောက်ထားရမည်။
v သက်ဆိုင်ရာဌာနမှူး၏ ထောက်ခံချက်ဖြင့် လျှောက်ထားရမည်။
v သက်ဆိုင်ရာဝန်ထမ်း၏ တရားဝင်ဇနီး မီးဖွားရက်များအတွက် မီးဖွားစောင့်ရှောက်ခွင့်ကို လစာပြည့် ဖြင့် (၁၅) ရက်ခံစားခွင့်ပြုပါမည်။
Ø (၄.၁.၇) နာရေးခွင့် (Funeral Leave)
v ဝန်ထမ်းတစ်ဦးဦး၏ မိသားစု အရင်းအချာများ ကွယ်လွန်ခြင်းအတွက်သာ ခံစားခွင့်ရှိပါမည်။ မိသားစုအရင်းအချာဆိုသည်မှာမိဘ ၊ သားသမီး ၊ မောင်နှမ ၊ ဇနီး/ခင်ပွန်းအားဆိုလိုသည်။
v နာရေးကိစ္စအတွက် လစာပြည့်ဖြင့် ခံစားခွင့် (၇) ရက် ရရှိပါမည်။
v နာရေးခွင့်တောင်းခံခြင်းကို ဝန်ထမ်းရေးရာဌာနသို့ လိုအပ်သော အထောက်အထားဖြင့်တင်ပြ လျှောက်ထားနိုင်ပါသည်။ သေဆုံးကြောင်းဖိတ်စာ (သို့) နာရေးကြော်ငြာ (သို့) သေစာရင်းမိတ္တူများ တင်ပြရမည်။
Ø (၄.၁.၈) လစာမဲ့ခွင့် (Leave without Pay)
v ခွင့်တစ်စုံတစ်ရာ ခံစားခွင့်မရရှိသေးသောအစမ်းခန့်ဝန်ထမ်းများအတွက် လည်းကောင်း၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့် စသည်ဖြင့် ခွင့်လက်ကျန်မရှိသော ဝန်ထမ်းများအတွက်လည်း ကောင်း၊ ခိုင်လုံသော အထောက်အထားများဖြင့် လစာမဲ့ခွင့်ကို ခံစားခွင့်ပြုပါမည်။
v လစာမဲ့ခွင့်ကို တစ်နှစ်အတွင်း အများဆုံး (၃၀) ရက်သာ ခွင့်ပြုပါမည်။
v လစာမဲ့ခွင့်ကို သက်ဆိုင်ရာဌာန အကြီးအကဲ၏ ထောက်ခံချက်ဖြင့် လျှောက်ထားရမည်။
v တစ်နှစ်အတွင်း (၃၀) ရက်ထက်ကျော်လွန်သော လစာမဲ့ခွင့် တောင်းခံလိုပါက CEO ၏ ခွင့်ပြုချက် ဖြင့်သာ ခွင့်ပြုမည်ဖြစ်သည်။
v အစမ်းခန့်ကာလအတွင်း အကျိုးအကြောင်း ခိုင်လုံမှုမရှိဘဲ လစာမဲ့ခွင့် (၃) ရက်ထက် ကျော်လွန် လျှောက်ထားပါကအတည်ပြုဝန်ထမ်းအဖြစ် ခန့်ထားရေးအတွက် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
Ø (၄.၁.၉) ယာယီမသန်စွမ်းခွင့် (Temporary Disability Leave)
v လုပ်ငန်းခွင်တွင် မတော်တဆမှုဖြစ်၍ ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှုဖြစ်ပေါ်ပါက ယာယီ မသန်စွမ်းခွင့် အနေဖြင့်လစာမဲ့ (၁၂) လအထိအများဆုံး ခံစားနိုင်သည်။
v ထိုကဲ့သို့ လစာမဲ့ (၁၂) လအထိ ခွင့်ခံစားနေစဉ်ကာလအတွင်း လူမှုဖူလုံရေးရုံးမှပေးသော အခြေခံ လစာ (အများဆုံး ၃သိန်း) ၏ ၇၀% အားဝန်ထမ်းမှ ခံစားခွင့်ရှိသည်။
v (၁၂) ကျော်သည့်တိုင် ပြန်လည်ကောင်းမွန်ခြင်းမရှိပါက အမြဲတမ်းမသန်စွမ်းအကျိုးခံစားခွင့်အား လူမှုဖူလုံရေးစည်းမျဉ်းများနှင့်အညီ ခံစားစေပြီး အလုပ်ခန့်ထားမှုစာချုပ်အား ရပ်စဲမည်ဖြစ်သည်။
v အလုပ်တွင်မတော်တဆမှုကြောင့် မဟုတ်ဘဲ နာတာရှည်ရောဂါများ၊ အရေးကြီးကိုယ်အင်္ဂါအစိတ် အပိုင်း အစားထိုးခွဲစိတ်မှု ခံယူရသောဝန်ထမ်းများအနေဖြင့် သာမာန်နာမကျန်းခွင့် ရက် (၃၀) အပြင် ခွင့်ရက်ထပ်မံ လိုအပ်ပါက ယာယီမသန်စွမ်းခွင့်အား လစာမဲ့ခံစားနိုင်သည်။ (မတော်တဆ မဟုတ်ပါက SSB မှ ၇၀% ရရှိမည်မဟုတ်ပါ။
Ø (၄.၁.၁၀) ခွင့်ထိပ်ပိတ်နောက်ပိတ်ယူခြင်း
v ရုံးပိတ်ရက်များတွင် ခွင့်ထိပ်ပိတ်နောက်ပိတ်ယူခြင်းနှင့် ပတ်သတ်၍ အောက်ပါဇယားအတိုင်း သတ်မှတ်ပါမည်။
ခွင့်အမျိုးအစား |
ခွင့်တစ်ဆက်တည်းဟု ယူဆမည် |
ခွင့်တစ်ဆက်တည်းဟု မယူဆပါ |
ရှောင်တစ်ခွင်ခွင့် |
|
√ |
လုပ်သက်ခွင့် |
|
√ |
ဆေးခွင့် |
√ |
|
ယာယီမသန်စွမ်းခွင့် |
√ |
|
လက်ထပ်ထိမ်းမြားခွင့် |
√ |
|
မီးဖွားခွင့် |
√ |
|
မီးဖွားစောင့်ရှောက်ခွင့် |
√ |
|
နာရေးခွင့် |
|
√ |
လစာမဲ့ခွင့် |
|
√ |
၎.၂။ ခွင့်မဲ့/ခွင့်ရက် ကျော်လွန်ပျက်ကွက်ခြင်း (Absence)
(၄.၂.၁) ဝန်ထမ်းတစ်ဦးသည် ဝန်ထမ်းရေးရာဌာနသို့ တရားဝင်ခွင့် လျှောက်ထားခြင်းမရှိဘဲ မိမိ၏လုပ်ငန်းခွင်သို့ လာရောက် ရန်ပျက်ကွက်လျှင် ခွင့်မဲ့ပျက်ကွက်သည်ဟု မှတ်ယူပါမည်။
(၄.၂.၂) ဝန်ထမ်းတစ်ဦးသည် ခွင့်အမျိုးအစား တစ်ခုခုကို ခံစားနေသည့်ကာလ ပြည့်မြောက်ပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင် ရောက်ခြင်းမရှိ၍လည်းကောင်း၊ ခိုင်လုံသောအကြောင်းပြချက် မရှိဘဲခွင့်ရက်ကျော်လွန် ပျက်ကွက်နေလျှင် သော်လည်း ကောင်း၊ ခွင့်ရက်ကျော်လွန် ပျက်ကွက်ခြင်းဟု မှတ်ယူရပါမည်။
(၄.၂.၃) ခွင့်မဲ့နှင့်ခွင့်ရက် ကျော်လွန်ပျက်ကွက်ခြင်းများ အတွက် လစာခံစားခွင့်မရှိပါ။
(၄.၂.၄) ဝန်ထမ်းတစ်ဦးဦးသည် တစ်လအတွင်း ခွင့်မဲ့ပျက်ကွက် (သို့) ခွင့်ရက်လွန်ပျက်ကွက်မှု တစ်ဆက်တည်း (သို့) သီးခြားစီ (၅) ရက် ပျက်ကွက်ပါက အလုပ်တာဝန်မှ အလိုအလျောက် ရပ်ဆိုင်းခြင်းခံရမည်။
(၄.၂.၅) ပြက္ခဒိန်တစ်နှစ်အတွင်း ခွင့်မဲ့ပျက်ကွက်မှု(၁၀)ရက် ထက်ကျော်လွန်ပါက အလုပ်တာဝန်မှအလို အလျောက်ရပ်ဆိုင်းခြင်း ခံရမည်။
၎.၃။ တာဝန်ချိန်အဖြစ် သတ်မှတ်ခြင်း (On Duty)
(၄.၃.၁) ကုမ္ပဏီ၏လုပ်ငန်းတာဝန်အရ သွားရောက်ဆောင်ရွက်ရသော ကိစ္စရပ်များအတွက် လည်းကောင်း၊ ကုမ္ပဏီက စီစဉ်ဆောင်ရွက်ပေးသော သင်တန်းများတက်ရောက်ခြင်းအတွက်လည်းကောင်း၊ ပြင်ပ သင်တန်းများသို့ တက်ရောက်ရခြင်းများအတွက် တာဝန်ချိန်အဖြစ် သတ်မှတ်ပြီး လစာခံစားခွင့် ပြုပါမည်။
(၄.၃.၂) အချိန်ပိုင်းသွားရသောကိစ္စရပ်များနှင့် သင်တန်းများအတွက်မိမိဌာနသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းပို့သည့်အနေဖြင့် ရောက်ရှိချိန်တွင် Finger Print နှိပ်ရမည်။
(၄.၃.၃) သွားလာဆောင်ရွက်ခြင်းမပြုမှီ On Duty Form ဖြင့်ဝန်ထမ်းရေးရာဌာနသို့တင်ပြရမည်။
(၄.၃.၄) အခက်အခဲ တစ်စုံတစ်ရာရှိပါက အဆိုပါနေ့တွင် လုပ်ငန်းခွင်ပြန်လည်ရောက်ရှိချိန် (သို့မဟုတ်) (၁)ရက် အတွင်း On Duty Form ကို ပြည့်စုံစွာ ဖြည့်စွက်၍ ၀န်ထမ်းရေးရာဌာနသို့ လျှောက်ထားရမည်။
၎.၄။ ခွင့်လျှောက်ထားခြင်းဆိုင်ရာ စည်းကမ်းချက်များ
(၄.၄.၁) ဝန်ထမ်းများသည် ကုမ္ပဏီက သတ်မှတ်ထားသော ခွင့်လျှောက်လွှာပုံစံနှင့်အတူ ဝန်ထမ်းရေးရာဌာနသို့ လျှောက်ထားရမည်။
(၄.၄.၂) ခွင့်လျှောက်လွှာတွင် သက်ဆိုင်ရာဌာနမှူး၏ ထောက်ခံချက်လက်မှတ်ဖြင့်သာ လျှောက်ထားရမည်။
(၄.၄.၃) ဝန်ထမ်းတစ်ဦး အနေဖြင့် “ခွင့်” ကို ရပိုင်ခွင့်တစ်ရပ်အနေဖြင့် လျှောက်ထားခြင်းကို ခွင့်ုပြုမည် မဟုတ်ပါ။
(၄.၄.၄) ဝန်ထမ်းရေးရာမူဝါဒနှင့်အညီ လျှောက်ထားခြင်းမရှိသော ခွင့်များကို လစာမဲ့ခွင့်အဖြစ် သတ်မှတ်သွား ပါမည်။
(၄.၄.၅) ခွင့်လျှောက်ထားရရှိပြီး မိမိအားခွင့်ပြုထားသည့် ခွင့်ကာလမကုန်ဆုံးမီ လုပ်ငန်းခွင်သို့ပြန်လည် ၀င်ရောက်လိုပါက သက်ဆိုင်ရာဌာနမှူးထံသို့ စာဖြင့်တင်ပြအကြောင်းကြားပြီးမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
၎.၅။ ခွင့်ပေးပိုင်ခွင့်ရှိသူ လိုက်နာဆောင်ရွက်ရမည့် အချက်များ
(၄.၅.၁) ခွင့်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာတာဝန်ရှိသူသည် အကျိုးအကြောင်း၊ အထောက်အထားခိုင်လုံခြင်း မရှိဘဲ တောင်းခံလာသည့်ခွင့် များကိုငြင်းပယ်ပိုင်ခွင့်ရှိသည်။
(၄.၅.၂) ခွင့်ပေးပိုင်ခွင့်ရှိသောဌာနမှူးသည် လုပ်ငန်းဆိုင်ရာထိခိုက်နှောင့်နှေးမှု မရှိစေရေးအတွက် ဝန်ထမ်းများ ၏တောင်းဆိုလာသော ခွင့်ပေါ်တွင် ဆုံးဖြတ်ရန်တာဝန်ရှိသည်။
(၄.၅.၃) သီးခြားဝန်ထမ်း အစားထိုးမရနိုင်သော ဌာနများအတွက် ခွင့်ပေးရာတွင်ဌာနမှူးမှ ခွင့်ကြိုတင် တောင်းခံနိုင်သည့် ရက်များကို သတ်မှတ်ပေးနိုင်သည်။
ခွင့်ယူမည့်ဝန်ထမ်း |
ခွင့်ပေးပိုင်ခွင့်ရှိသူ |
ဌာနမှ ၀န်ထမ်းများ/ ရုံးခွဲဝန်ထမ်းများ |
ဌာနမှူး/ ရုံးခွဲမန်နေဂျာ |
ဌာနမှူး/ ရုံးခွဲမန်နေဂျာ |
COO/ CSO/ CMO/ CFO |
COO/ CSO/ CMO/ CFO |
CEO |
အခန်း (၅)
လစာ၊ အချိန်ပိုနှင့် အခြားခံစားခွင့်များ
၅.၁။ လစာနှင့် ခံစားခွင့်များ
(၅.၁.၁) ဝန်ထမ်းများ၏ လစာနှင့်ရာထူးအဆင့်သတ်မှတ်ခြင်းကို CEO ၏အတည်ပြုဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပါမည်။
(၅.၁.၂) ဝန်ထမ်းသည် မိမိအားခန့်အပ်တာဝန်ပေးသော ရာထူးအတွက် သတ်မှတ်ထားသည့်လစာကို ၎င်းရာထူးဖြင့် တာဝန်ထမ်းဆောင်သည့် နေ့ရက်မှစတင်၍ ခံစားခွင့်ရှိသည်။
၅.၂။ လုပ်အားခတွက်ချက်ခြင်း
(၅.၂.၁) ဝန်ထမ်းတစ်ဦး၏ ခံစားရရှိသည့်လစာငွေပမာဏကို လတစ်လ၏ကုန်ဆုံးရက်ကို ပျှမ်းမျှအားဖြင့်၃၀ရက် သတ်မှတ်ပြီးအချိုးချရသောလုပ်အားခကိုတစ်ရက်လုပ်အားခအဖြစ်သတ်မှတ်ပါမည်။
(၅.၂.၂) လစာကို လစဉ် (၂၆) ရက်နေ့မှ လာမည့်လ (၂၅) ရက်အထိ ကို တစ်လစာ အဖြစ် သက်မှတ်တွက်ချက် သည်။
(၅.၂.၃) လစာငွေ တွက်ချက်ရာတွင်အချိန်ပိုအလုပ်၊ ခွင့်၊ ရက်မှန်ကြေး စသည်ဖြင့် လုပ်အားခ၌ထပ်မံ ဖြည့်စွက် ရန်နှင့် နှုတ်ယူရန်ငွေပမာဏကို တစ်ရက်လုပ်အားခဖြင့်အခြေခံ၍တွက်ချက်မည်ဖြစ်သည်။
၅.၃။ နေ့စဉ် ၀န်ထမ်းစာရင်း စစ်ဆေးခြင်း
(၅.၃.၁) ၀န်ထမ်း စာရင်းများကို နေ့စဉ် နံနက် ၁၀ နာရီတွင် စစ်ဆေးပါသည်။
(၅.၃.၂) မိမိ၏ ခွင့်နှင့် Onduty များကို နံနက် ၁၀ နာရီမတိုင်မှီ Viber မှ တိုင်ကြားရမည်။
(၅.၃.၃) ၀န်ထမ်းတိုင်း အလုပ်ဆင်းသည့်ရက်တိုင်း Finger Print ကိုမပျက်မကွက် နှိပိရမည်။
(၅.၃.၄) အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်ကွက်ခဲ့ပါလျှင် အချိန်မှီအကြောင်းကြားပြီး၊ Onduty အဖြစ် ပြောင်းလဲလျှောက်ထားပေးရမည်။
(၅.၃.၅) လက်ဗွေဖက်ရန် အခက်ခဲရှိသောကာလတွင်၊ HR Department တွင်အ၀င်အထွက်လက်မှတ်ထိုး ရမည်။
(၅.၃.၆) Finger Print မရှိသောရုံးခွဲများတွင် အ၀င်အထွက်စာရင်း စာအုပ်တွင်တိကျစွာ လက်မှတ်ရေးထိုး ပေးရမည်။
၅.၄။ လစာငွေထုတ်ပေးခြင်း
(၅.၄.၁) ဝန်ထမ်းများအားလုံး၏လစာကို လစဉ်လကုန်နေ့ရက်တိုင်းတွင် ထုတ်ပေးသွားပါမည်။
(၅.၄.၂) မိမိလုပ်အားခငွေကို ဘဏ်မှတိုက်ရိုက်ထုတ်ပါရန် (သို့မဟုတ်) ကိုယ်တိုင်လတ်မှတ်ရေးထိုး ထုတ်ယူ ရပါမည်။
(၅.၄.၃) အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ထုတ်ယူရန်အခက်အခဲရှိပါက ခိုင်လုံသောကိုယ်စားလှယ်လွှဲစာ ဖြင့်ထုတ်ယူနိုင်ပါသည်။
(၅.၄.၄) ကိုယ်စားလှယ် လွှဲစာမပါရှိပါကလုံးဝထုတ်ယူခွင့်မပြုပါ။
(၅.၄.၅) လစာငွေကို(၃) လအတွင်း လာရောက်ထုတ်ယူခြင်း မရှိခဲ့ပါ ကပြန်လည်ထုတ်ယူခွင့်မပြုပါ။
မှတ်ချက် - အထက်ပါဖော်ပြချက်သည်စာရင်းရှင်းတမ်းကြောင့်ငွေထုတ်ယူရန်သိမ်းထားခြင်းများမပါဝင်ပါ။
၅.၅။ မူရင်းလစာနှင့် အချိန်ပို
ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါသဖြင့် လုပ်ငန်းလိုအပ်ချက်အရ အရေးကြီးသော ကိစ္စရပ်များအတွက် ဝန်ထမ်း၏ အချိန် ပိုလုပ်အားကို အသုံးပြုပါမည်။
(၅.၅.၁) ဝန်ထမ်း၏ အလုပ်ပိတ်ရက်တွင်သော်လည်းကောင်း၊ အလုပ်ဆင်းချိန်ထက် ပိုသောအချိန်ကိုလည်း ကောင်း အချိန်ပိုလုပ်အားအဖြစ် သတ်မှတ်ပါမည်။
(၅.၅.၂) အချိန်ပို လုပ်အားအဖြစ် ဝန်ထမ်းတစ်ဦးသည်တစ်လလျှင်နာရီ (၄၈) တစ်ပတ်လျှင်နာရီ (၁၂)နာရီထက် ကျော်လွန်ခြင်းကိုခွင့်မပြုပါ။
(၅.၅.၃) အချိန်ပိုလုပ်အားခများကို မူရင်းလစာအတိုင်း အကျုံးဝင်စေပြီး လစာနှင့်အတူ တွက်ချက်ထုတ်ပေးပါ မည်။
(၅.၅.၄) အချိန်ပိုလုပ်အားခကို ဝန်ထမ်းလစာ၏ တစ်နာရီနှုန်းထားပေါ်မူတည်သတ်မှတ်ပါမည်။
(၅.၅.၄) အစိုးရပြန်တမ်းဝင် Gazetted ရုံးပိတ်ရက်များနှင့် Sunday ရုံးပိတ်ရက်များတွင် သီးခြားအချိန်ပို တာဝန်ထမ်းဆောင်ခဲ့ရပါက အချိန်ပိုလုပ်အားခကို နှစ်ဆတွက်ချက် ခံစားခွင့်ပြုပါမည်။
အချိန်ပိုတွက်ချက်ပုံ
No |
Rate |
Days |
Calculation (Per Hr Rate) |
Maximum (အများဆုံး) |
1. |
1.5 Times OT |
Monday to Sataurday |
Salary x 12 Months = ၁ နာရီနှုန်း x ‘ ၁.၅ ဆ’ 52 Weeks x 44 hr |
၁၅,၀၀၀ ကျပ် |
2. |
2 Times OT |
Sunday and Public Holiday |
Salary x 12 Months = ၁ နာရီနှုန်း x ‘ ၂ ဆ’ 52 Weeks x 44 hr |
၂၅,၀၀၀ ကျပ် |
၅.၆။ အခြားခံစားခွင့်များ
(၅.၆.၁) သင်တန်းပေးအပ်ခြင်း။
လုပ်ငန်းခွင်အတွင်း တိုးတက်မှုရှိစေရန်နှင့် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်များ စဉ်ဆက်မပြတ် တိုးတက်စေ ရန်ရည်ရွယ်၍ ဝန်ထမ်းရေးရာဌာန၏ အစီအစဉ်ဖြင့် သင်တန်းများသို့ စေလွှတ်သွားပါမည်။
မှတ်ချက် - သင်တန်းအောင်မြင်မှု Certificate ကို KPI အဖြစ်သတ်မှတ်ပါမည်။
v လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်း
လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းများအား အခြေခံသင်တန်း၊မွမ်းမံသင်တန်းစသည်ဖြင့် လိုအပ်သလို စီစဉ်ပေး ပါမည်။။သင်တန်းစရိတ်ကို ကုမ္ပဏီမှသင့်တော်သလို စီစဉ်ပါမည်။
v အထွေထွေကျွမ်းကျင်မှုဆိုင်ရာသင်တန်း
ဌာနအသီးသီးအတွက်အသုံးဝင်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ကိုလည်း လုပ်ငန်းလိုအပ်ချက်အရ စီစဉ်ပေး သွားပါမည်။သင်တန်းစရိတ်ကို ကုမ္ပဏီမှ သင့်တော်သလို စီစဉ်ပါမည်။
v ပြင်ပသင်တန်းများတက်ရောက်စေခြင်း
ကုမ္ပဏီမှဌာနအလိုက် လိုအပ်ချက်များကိုဖြည့်ဆည်းပေးလိုသောဆန္ဒဖြင့်ဝန်ထမ်းများအား ပြင်ပသင်တန်း များသို့ တက်ရောက်နိုင်ရန် စီစဉ်ပေးသွားပါမည်သင်တန်းစရိတ်ကို ကုမ္ပဏီမှ သင့်တော်သလို စီစဉ်ပါမည်။
v ဝန်ထမ်းအသစ် ကြိုဆိုမိတ်ဆက်သင်တန်း
ဝန်ထမ်းအသစ် ခန့်အပ်သည့်အချိန်ဖြစ်သော လစဉ်ပထမအပတ်တိုင်းတွင် ဝန်ထမ်းရေးရာဌာန၏ စီစဉ်မှုဖြင့် သက်ဆိုင်ရာဌာနမှူးများနှင့် ပူးပေါင်းသင်တန်းပေးသွားပါမည်။
(၅.၆.၂) လှူဒါန်းငွေပေးအပ်ခြင်း
နာရေး
အမြဲတမ်းဝန်ထမ်းတစ်ဦး၏ မိသားစုအရင်းအချာ တစ်ဦးဦး (မိဘ၊ခင်ပွန်း၊ညီအကို၊မောင်နှမအရင်း) ကွယ်လွန်ခဲ့သည်ရှိ သော် ဝန်ထမ်းမိသားစုမှ ကွယ်လွန်သူအတွက်အလှူအတန်းပြုရာတွင် သုံးစွဲရန် အလို့ငှာ အလှူငွေ ကို အောက်ဖော်ပြပါအတိုင်းပေး အပ်မည်ဖြစ်သည်။
ဝန်ထမ်းကိုယ်တိုင် ကွယ်လွန်ခဲ့သည်ရှိသော် လူမှုဖူလုံရေးဥပဒေအတိုင်း ပေးအပ်မည်ဖြစ်သည်။
သာရေး
အမြဲတမ်းဝန်ထမ်းတစ်ဦးဦးသည်တရားဝင်လက်ထပ်ခြင်းဖြစ်ပါကကုမ္ပဏီမှ၎င်းဝန်ထမ်းအား အောက်ပါအတိုင်း လက်ဖွဲ့ငွေ ချီးမြှင့်မည်ဖြစ်သည်။
စဉ် |
လုပ်သက် |
သာရေး |
နာရေး |
၁။ |
(၆) လမှ (၁) နှစ် |
၅၀,၀၀၀ ကျပ် |
၅၀၀၀၀ ကျပ် |
၂။ |
(၁) နှစ်မှ (၂) နှစ် |
၇၅,၀၀၀ ကျပ် |
၇၅,၀၀၀ ကျပ် |
၃။ |
(၂) နှစ်မှ (၃) နှစ် |
၁၀၀,၀၀၀ ကျပ် |
၁၀၀,၀၀၀ ကျပ် |
၎။ |
(၃) နှစ်မှ (၅) နှစ် |
၁၅၀,၀၀၀ ကျပ် |
၁၅၀,၀၀၀ ကျပ် |
၅။ |
(၅) နှစ်အထက် |
၂၀၀,၀၀၀ ကျပ် |
၂၀၀,၀၀၀ ကျပ် |
(၅.၆.၃) လုပ်ငန်းခွင်အတွင်းထိခိုက်မှုများအတွက်ထောက်ပံ့ကြေး
မည်သည့်ဝန်ထမ်းအမျိုးအစားမဆိုလုပ်ငန်းခွင်အတွင်းတာဝန်ချိန်၌သတ်မှတ်ထားသောစည်းမျဉ်း စည်းကမ်းများနှင့်အညီတာဝန်ထမ်းဆောင်နေစဉ်မတော်တဆထိခိုက်ဒဏ်ရာရမှုများဖြစ်ပွားခဲ့ပါကဆေးကုသစရိတ်နှင့်အတူလုပ်ခလစာဖြင့် ဆေးလက်မှတ်ခွင့်ကို ခံစားရယူနိုင်မည်။
(၅.၆.၄) ဆုချီးမြှင့်ခြင်း
သတ်မှတ်ထားသောအရည်အချင်းနှင့် လုပ်ဆောင်မှုစွမ်းရည် အကောင်းဆုံးပေးအပ်နိုင်သော ဝန်ထမ်းအား ဆုချီးမြှင့် သွားမည်ဖြစ်ပြီးနှစ်စဉ် တစ်နှစ်တစ်ကြိမ် အကောင်းဆုံးဝန်ထမ်းဆုကိုလည်း ရွေးချယ်၍ ဆုချီးမြှင့် သွားမည်ဖြစ်သည်။
(၅.၆.၅) တယ်လီဖုန်းခံစားခွင့် (Phone Bill)
CSO/ CMO/ COO/ CFO
Manager / Assitant Manager
Supervisor
Executive
(၅.၆.၆) ခရီးသွားခြင်းဆိုင်ရာခံစားခွင့်
Meal Allowance |
15,000 Breakfast – 3,000 Lunch – 6,000 Dinner – 6,000 |
|
Accommodation |
တိုင်းဒေသကြီး/ပြည်နယ်/မြို့တော် |
25,000 - 40,000 |
ခရိုင်အဆင့်မြို့ |
20,000 - 25,000 |
|
မြို့နယ်အဆင့် |
15,000 - 20,000 |
|
ကျေးရွာနှင့်အခြားမြို့နယ်များ |
15,000 |
|
Bus Ticket |
With Actual Ticket (1) For Non-Management Business class not include (2) For Management Can Use Busniess |
(၅.၆.၆.၁) အဝေးပြေးကား/ရထားစီးနင်းခွင့်
Manager Level နှင့်အထက်ဝန်ထမ်းများသာအထူးကားများစီးနင်းခွင့်ရှိပါသည်။
Manager Level နှင့်အောက်ဝန်ထမ်းများသည်သင့်တင်လျောက်ပတ်သော ခရီးသွားလာမှု ဖြင့်သာစီးနင်းခွင့်ရှိသည်။ အမျိုးသမီး Manager နှင့်တစ်ခြား သောအမျိုးသမီးဝန်ထမ်း (၁) ဦးနှင့်အတူသွားရောက်ရပါလျှင်သက်ဆိုင်ရာလူကြီး အား အကြောင်းကြား၍ Manager နှင့်တွဲ၍ စီးနင်းခွင့်ရှိသည်။
(၅.၆.၆.၂) လေယာဉ်စီးနင်းသွားလာခွင့်
မည်သူမဆိုလိုအပ်၍လေယာဉ်စီးနင်းသွားရမည်ဆိုလျှင်MDခွင့်ပြုလက်မှတ်ရယူ ပြီးမှသာစီးနင်းခွင့်ရှိပါသည်။
မှတ်ချက် - တစ်စုံတစ်ရာကြောင့်သတ်မှတ်ပမာဏထက်ကျော်လွန်ပါက Management Level ထံမှ ခွင့်ပြုချက်တောင်းခံရမည်။
(၅.၆.၇) နိုင်ငံခြားခရီးသွားခံစားခွင့်
(၅.၆.၇.၁) ဟိုတယ်တည်းခိုခြင်း
ပုံမှန်အားဖြင့်ဟိုတယ်စီစဉ်ခြင်းနှင့်ကြိုတင်ပေးချေခြင်းကိုဖိတ်ခေါ်သောကုမ္ပဏီမှစီစဉ်ပေး မည်ဖြစ်ပါသည်။ ဟိုတယ် စီစဉ်မှုတွင်အခန်းနှင့် အထွေထွေကုန်ကျစရိတ်များပါဝင်ပါသည်။ အကြောင်းကိစ္စရှိလျှင်ဟိုတယ်ကျသင့်ငွေအားမိခင်ကုမ္ပဏီမှပေးရမည်ဆိုလျှင်ဝန်ထမ်းအားလိုအပ်သောငွေပမာဏကိုရန်ကုန်တွင်ကြိုတင်၍စီစဉ်ပေးရမည်ဖြစ်ပါသည်။
(၅.၆.၇.၂) တယ်လီဖုန်း
ဖိတ်ခေါ်သောကုမ္ပဏီရုံးခန်းမှတရားဝင်တယ်လီဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ပါသည်။ အမှန်တကယ်လိုအပ်သောတရားဝင်တယ်လီဖုန်းခေါ်ဆိုမှုများကိုသာလျှင်တယ်လီဖုန်းကဒ်အသုံးပြုနိုင်ပြီးတယ်လီဖုန်းကဒ်ကျသင့်ငွေကိုတောင်းခံနိုင်ပါသည်။ဖိတ်ခေါ်သောကုမ္ပဏီ၏ရုံးခန်းမှကိုယ်ရေးကိုယ်တာဖုန်းခေါ်ဆိုမှုများပြုလုပ်ခြင်းကိုခွင့်မပြုပါ။
(၅.၆.၇.၃) သယ်ယူပို့ဆောင်ရေး
တရားဝင်သယ်ယူပို့ဆောင်ရေးကိုဖိတ်ခေါ်သောကုမ္ပဏီမှပုံမှန်အားဖြင့်စီစဉ်ပေးမည်ဖြစ်ပါသည်။တရားဝင်သယ်ယူပို့ဆောင်ရေးစရိတ်များမရှိခဲ့လျှင်လက်ခံဘောက်ချာနှင့်အတူထို ကုန်ကျငွေအားငွေပြန်ထုတ်ပေးမည်ဖြစ်ပါသည်။ကိုယ်ပိုင်သယ်ပို့ဆောင်ရေးအတွက်ကုန်ကျစရိတ်များအားဝန်ထမ်းမှတာဝန်ယူရမည်ဖြစ်ပါသည်။
(၅.၆.၇.၄) နေ့စဉ်ကိုယ်ပိုင်ခံစားခွင့်
ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သောနေ့လည်စာ၊ ညနေစာ၊ ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေး၊ တယ်လီဖုန်းကဒ်အပါအဝင်ကိုယ်ရေးကိုယ်တာတယ်လီဖုန်းအသုံးစရိတ်များနှင့်အသေးသုံးကုန်ကျစရိတ်များအတွက်လုံလောက်မှုရှိစေရန်တစ်ရက်လျှင်နေ့စဉ်ပြောင်းလဲမှုမရှိသောခံစားခွင့်အမေရိကန်ဒေါ်လာ (၂၅) ဒေါ်လာကိုဝန်ထမ်းအားကြိုတင်၍ရန်ကုန်တွင် ပေးမည် ဖြစ်ပါသည်။ပြည်ပတွင်နေထိုင်သောကာလတို့၌ပြောင်းလဲမှုကိစ္စရပ်များရှိခဲ့လျှင်ရန်ကုန်သို့ပြန်လည်ရောက်ရှိပြီးမှ (ခံစားခွင့်) ပမာဏကိုရှင်းပေးမည်ဖြစ်ပါသည်။
(၅.၆.၇.၅) ကြိုတင်ငွေ
အထက်ပါလမ်းညွှန်ချက်များအရ ကြိုတင်မခန့်မှန်းနိုင်သော ဖြစ်ရပ်များအား ကာမိစေရန် ၀န်ထမ်းတိုင်းငွေပမာဏတစ်ခုကို ကိုင်ဆောင်ထားရမည်ဖြစ်ပါသည်။ ရန်ကုန် သို့ပြန်လာ ချိန်တွင်အဆိုပါ ငွေပမာဏကို ထည့်တွက်ရမည်ဖြစ်ပါသည်၊ ကုန်ကျစရိတ်များ (ဥပမာ . တရားဝင် သယ်ယူပို့ဆောင်ရေး ၊တရားဝင်တယ်လီဖုန်းခေါ်ဆိုမှုများနှင့် ရက်တိုး နေထိုင် ခြင်း) တို့အတွက် ငွေပြန်ထုတ်ပေးမှုပြုလုပ်ခဲ့လျှင် စရိတ်များအတွက် သက်သေခံ ပြေစာနှင့် ပြန်လည်ပေးအပ်သော ကြိုတင်ငွေပမာဏမှ နှုတ်ယူမည်ဖြစ်ပါသည်။
စီမံရေးမှူးအပါဝင်နှင့်အထက် ဒေါ်လာ ၃၀၀
ဌာနဆိုင်ရာအကြီးအကဲအဆင့် ဒေါ်လာ ၅၀၀
(၅.၆.၇.၆) အလေးချိန်ပိုငွေပြန်ထုတ်ပေးမှု
အလေးချိန်ကုန်ကျစရိတ်များအားကုမ္ပဏီပစ္စည်းသယ်ဆောင်ရခြင်းအတွက်သာငွေပြန်ထုတ်ပေးမည်ဖြစ်ပါသည်။ဝန်ထမ်းသည်ဝန်ထမ်းရေးရာဌာနမှတဆင့်ဌာနဆိုင်ရာအကြီးအကဲ၏ခွင့်ပြုချက်ဖြင့်ကြိုတင်ငွေနှင့်နေ့စဉ်ပေးခံစားခွင့်အားလျှောက်ထားနိုင်ပါသည်။ကြိုတင် ငွေအားပြန်လည်ရောက်ရှိပြီး နောက်သက်ဆိုင်ရာဌာနမှ တဆင့်ဘဏ္ဍာရေးဌာနသို့ (၂)ပတ် အတွင်းပြန်လည် ပေးအပ်ရမည်ဖြစ်ပါသည်။
(၅.၆.၈) နေ့စဉ်လုပ်ငန်းလိုအပ်ချက်အရသွားလာရသောခရီးစရိတ်ခံစားခွင့်
(၅.၆.၈.၁) နယ်ဝန်ထမ်းများရုံးလုပ်ငန်းများအတွက်ဆိုင်ကယ်အသုံးပြုကုန်ကျစရိတ်
မိမိဆိုင်ကယ်နှင့်ရုံးလုပ်ငန်းများဆောင်ရွက်ရသောနယ်ဝန်ထမ်းများအတွက်
v ဆိုင်ကယ်အသုံးစရိတ်တစ်လလျှင် - ၂၅,၀၀၀ ကျပ် မှ ၃၅,၀၀၀ ကျပ်
(၅.၆.၈.၂) ရန်ကုန်ရုံးဝန်ထမ်းများရုံးလုပ်ငန်းအတွက်ကားခအသုံးပြုကုန်ကျစရိတ်
v လုပ်ငန်းလိုအပ်ချက်အရနေ့စဉ်သွားလာမှု စီစဉ်ရန် အလို့ငှာလစဉ် လစာဝင်ငွေ နှင်အတူ Travel Allowance များထည့်သွင်း တွက်ချက်ပေးထားပါသည်။
v ခရီးဝေးကွာမှု၊ ကုန်ပစ္စည်းသယ်ဆောင်သွားရမှု၊ နိုင်ငံခြားသားနှင့် သွားလာရန် လိုအပ်မှု၊ တစ်ချို့သောလုပ်ငန်းလိုအပ်မှုများ ရှိလာလျှင်ရုံးကားကို ကြိုတင်တောင်းခံ ခြင်းဖြင့် စီးနင်းနိုင်သည်။
v ရုံးကား တောင်ခံမှု မရရှိပါက ရုံးသက်မှတ်ထားသော Grab ကိုငှားရမ်း စီးခွင့်ကို သက်ဆိုင်ရာ ဌာနမှုးဆီမှ တောင်းခံနိုင်သည်။
(၅.၆.၉) လူမှုဖူလုံရေးအာမခံကြေးခံစားခွင့်
လူမှုဖူလုံရေးအာမခံကြေးအဖြစ်အလုပ်ရှင်မှဝန်ထမ်းလစာ၏ (၃%) နှင့်ဝန်ထမ်းမှလစာ၏ (၂%)အား ထည့်ဝင်ကြေး ပေးသွင်းရမည်ဖြစ်သည်။
(၅.၆.၉) နှစ်ပတ်လည်ဆုချီးမြှင့်ခြင်း
ဝန်ထမ်းများအနေဖြင့်ကုမ္ပဏီတွင်တစ်ဆက်တည်းလုပ်သက်၊ တစ်နှစ်တာအကောင်းဆုံးစွမ်းဆောင်ရည် ထူးချွန်ခဲ့သော အရည်အသွေးအလိုက် ထိုက်သင့်သလို ဆုချီူမြှင့် ခြင်းများကို နှစ်စဉ်ရွေးချယ် ချီးမြှင့် ပေးမည်ဖြစ်သည်။
အခန်း (၆)
လစာတိုးမြှင့်ခြင်း၊ ရာထူးတိုးမြှင့်ခြင်းနှင့် ဌာနပြောင်းရွှေ့ခြင်း
၆.၁။ လစာရင်းတိုးမြှင့်ခြင်း (Increment)
(၆.၁.၁) ဝန်ထမ်း၏ လစာရင်းတိုးမြှင့်ခြင်းကို ဝန်ထမ်းရေးရာမူဝါဒနှင့်အညီကိုင်တွယ် ဆောင်ရွက်သွားပါမည်။ ဝန်ထမ်း၏ စွမ်းဆောင်မှုအရ ရာထူးတိုးမြှင့်ခြင်း၊ လစာတိုးမြှင့်ခြင်းများ ဆောင်ရွက်သွားပါမည်။
(၆.၁.၂) အခြေခံလစာ (Salary Band) ပြောင်းလဲခြင်း၊ ကြားဖြတ်တိုးမြှင့်ခြင်းများကို BOD ၏ခွင့်ပြုချက်ဖြင့် သာဆောင်ရွက်သွားပါမည်။
(၆.၁.၃) Performance Appraisal တစ်နှစ်တွင် (၁) ကြိမ်ပြုလုပ်မည်ဖြစ်ပြီး၊ Need Improve ဖြစ်ပါက ရာထူးလျော့ချခြင်း၊ လစာလျော့ချခြင်း ၊ ဌာနပြောင်းရွှေ့ခြင်းများကို သက်ဆိုင်ရာဌာနမှူး၏ သုံးသပ်ချက် ၊ ဆုံးဖြတ်ချက်တို့ဖြင့် ဆောင် ရွက်သွားမည်ဖြစ်ပါ သည်။
၆.၂။ ရာထူးတိုးမြှင့်ခြင်း (Promotion)
(၆.၂.၁) ဝန်ထမ်း၏ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်၊ ဝန်ထမ်းရေးရာ မူဝါဒနှင့်အညီ ရာထူး တိုးမြှင့်ခြင်းများ ဆောင်ရွက်သွားပါမည်။
(၆.၂.၂) ရာထူးတိုးမြှင့်ခြင်းအတွက် တိုက်ရိုက်သော်လည်းကောင်း ၊ Management Team အဖွဲ့၏ခွင့်ပြုချက် ဖြင့်သော်လည်းကောင်း ဆောင်ရွက်ခွင့်ရှိသည်။
(၆.၂.၃) တိုးမြှင့်လိုက်သော ရာထူးအတွက် ထိုက်သင့်သော လစာကိုရရှိခံစားခွင့် ပြုမည်ဖြစ်ပါသည်။
(၆.၂.၄) တိုးမြှင့်လိုက်သော ရာထူးအသစ်၏ လစာအား ရာထူးစတင်တိုးမြှင့်ပေးသည့်နေ့မှစတင်၍ခံစားခွင့်ရမည် ဖြစ်ပါသည်။
(၆.၂.၅) အမှန်တကယ် အရည်အချင်းရှိသော ရာထူးတိုးမြှင့်သင့်သည့် ဝန်ထမ်းများကို စိစစ်ရွေးချယ် သွားပါမည်။
၆.၃။ ဌာနပြောင်းရွှေ့ခြင်း (Transfer)
ကုမ္ပဏီ၏ လုပ်ငန်းလိုအပ်ချက်၊လစ်လပ်ရာထူး လိုအပ်ချက်အရ ၊ ဝန်ထမ်း၏စွမ်းဆောင်ချက်အရ ဝန်ထမ်းများအား အလုပ်ဌာန ပြောင်းလဲခြင်းများကို ဝန်ထမ်း၏ဆန္ဒအရသော် လည်းကောင်း၊ ဌာနမှူး၏ အဆိုပြုချက်အရသော် လည်းကောင်း၊ အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်အရ သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။
(၆.၃.၁) ဌာနပြောင်းလဲလိုကြောင်းကို သက်ဆိုင်ရာဌာနမှူး၏ ခွင့်ပြုချက်နှင့်အတူ ၀န်ထမ်းရေးရာဌာနသို့ လျှောက်ထားရမည်။
(၆.၃.၂) ပြောင်းရွှေ့လိုသည့်ဌာန၏ လစ်လပ်ရာထူးနှင့် ကိုက်ညီသော အရည်အချင်းပြည့်မီသူ ဖြစ်ရမည်။
(၆.၃.၃) ပြောင်းရွှေ့လိုသည့်ဌာန၏ ဌာနမှူးနှင့် တွေ့ဆုံစစ်ဆေးချက် (Interview) များကိုဖြေဆိုအောင်မြင်သူ ဖြစ်ရမည်။
(၆.၃.၄) ပြောင်းရွှေ့လိုသည့်ဌာန၏ သတ်မှတ်လစာဖြင့် ကိုက်ညီသော လစာဖြင့်သော်လည်းကောင်း၊ မူရင်း ခံစားရရှိသော လစာဖြင့်သော်လည်းကောင်း စီစစ်ရွေးချယ်ပါမည်။
(၆.၃.၅) သက်ဆိုင်ရာဌာနမှူးများ၏ အတည်ပြုချက်အရ ဝန်ထမ်းရေးရာဌာနမှလည်း ထပ်မံစစ်ဆေးပြီးမှသာ ဌာနပြောင်းရွှေ့ခြင်းကို အတည်ပြုမည်။
အခန်း (၇)
ဝန်ထမ်း၊ စည်းမျဉ်း စည်းကမ်းနှင့် ကျင့်ဝတ်များ
၇.၁။ ဝန်ထမ်းကျင့်ဝတ်
(၇.၁.၁) မိမိအဖွဲ့အစည်း၏ ရည်မှန်းချက်များကို အလေးထားဆောင်ရွက်ရမည်။
(၇.၁.၂) တာဝန်ဝတ္တရားများကို ရိုးသားဖြောင့်မတ်စွာ ကြိုးပမ်းထမ်းဆောင်ရမည်။
(၇.၁.၃) လုပ်ငန်းကျွမ်းကျင်မှု အဆင့်မြင့်မားစေရန်နှင့် အရည်အချင်းတိုးတက်နေစေရန် အစဉ်ကြိုးစားရမည်။
(၇.၁.၄) မိမိအဖွဲ့အစည်းပိုင် ပစ္စည်းများနှင့် ဘဏ္ဍာငွေများ ဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်။
(၇.၁.၅) အလုပ်ခွင်စည်းမျဉ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ တိကျစွာ လိုက်နာရမည်။
(၇.၁.၆) အကျင့်စာရိတ္တပျက်ပြားခြင်း၊ သိက္ခာကင်းမဲ့စွာ ပြုမူနေထိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။
(၇.၁.၇) တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ကိုယ်ကျိုးရှာခြင်း၊တံစိုးလက်ဆောင် ယူခြင်းတို့ကို အထူးရှောင်ကြဉ်ရမည်။
(၇.၁.၈) လုပ်ငန်းခွင်သန့်ရှင်း သာယာရေးနှင့် လုံခြုံရေးသည် ဝန်ထမ်းတိုင်း၏ တာဝန်ဖြစ်သည်။
(၇.၁.၉) လုပ်ငန်းဌာနအလိုက် ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲပြဌာန်းမှုအရအဆင့်ဆင့် ကြီးကြပ်သူတို့၏ ညွှန်ကြားချက် များကို လိုက်နာရမည်။
(၇.၁.၁၀) ကုမ္ပဏီပိုင် ပစ္စည်းများ၊ကုမ္ပဏီဆိုင်ရာ အချက်အလက်များအား မိမိကိုယ်ကျိုးအတွက် သုံးစွဲခြင်းမှ ရှောင်ကြဉ်ရမည်။
(၇.၁.၁၁) ကုမ္ပဏီပိုင် ပစ္စည်းများကို ခိုးယူခြင်း၊ ဂရုမပြုခြင်းစသည်ဖြင့် လေလွင့်မှုများ မရှိအောင် ထိန်းသိမ်းသွားရမည်။
(၇.၁.၁၂) အလုပ်သမားသည်လုပ်ငန်း၏လိုအပ်ချက်အရထုတ်ပြန်ထားသောလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆာင်ရွက် ရမည်။
(၇.၁.၁၃) လုပ်ငန်းခွင်အတွင်းသို့ မ၀င်ရောက်မှီ လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ် ထားသောလုပ်ငန်းခွင် အကာအကွယ်ပေးရေးပစ္စည်းများကို စနစ်တကျ ၀တ်ဆင်ရမည်။
(၇.၁.၁၄) လုပ်ငန်းခွင်နှင့်အလုပ်ချိန်အတွင်း မူးယစ်ဆေးဝါးများကို သောက်စားခြင်း၊ လုပ်ဖော်ကိုင်ဖက်များကို စိတ်ငြိုငြင်အောင်နှောက်ယှက်ခြင်း၊ အန္တရာယ် ပေးခြင်း ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကား ခြင်းများမပြုလုပ်ရ။
(၇.၁.၁၅) အလုပ်ရှင်မှ ကြိုတင်ဖွင့်ဟထားသည့် လျှို့ဝှက်အပ်သောသတင်း အချက်အလက်များကို ပြင်ပသို့မပေါက်ကြားအောင် ထိန်းသိမ်းရမည်။ အခွင့်အမိန့်မရှိဘဲလုပ်ငန်းနှင့် ဆိုင်သောစာရွက် စာတမ်းများ၊ စာရင်းများ၊ မှတ်တမ်းများကို ထုတ်နှုတ်အသုံးပြုခြင်း၊ ကူးယူခြင်း၊ ဖယ်ရှားခြင်း၊ ဖောက်ဖျက်ခြင်း ပြင်ပသို့ ယူ ဆောင်သွားခြင်း မပြုရ။
(၇.၁.၁၆) အလုပ်ရှင်နှင့်အလုပ်သမား ကိုယ်စားလှယ်များ ညှိနှိုင်းသဘောတူညီထားသည့်အခါအားလျော်စွာ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။
(၇.၁.၁၇) အလုပ်သမားများသည် တည်ဆဲဥပဒေများအတိုင်း ထည့်ဝင်ပေးဆောင်ရ မည့် အခွန်အခများကို သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်။
(၇.၁.၁၈) တည်ဆဲအလုပ်သမားရေးရာ ဥပဒေများကို လေးစားလိုက်နာရမည်။
(၇.၁.၁၉) ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိရမည်။
(၇.၁.၂၀) လုပ်ငန်းမှ နူတ်ထွက်သူများသည် ကုမ္ပဏီမှ နူတ်ထွက်သည့် နေ့မှစတင်၍ (၃)လ အတွင်Concordia International Co., Ltd. နှင့် လုပ်ငန်းအမျိုးအစားခြင်းတူညီသောလုပ်ငန်းများတွင်လည်းကောင်း၊ ပြိုင်ဘက် လုပ်ငန်းများတွင်လည်းကောင်း၊ ၀င်ရောက်လုပ်ကိုင်ခြင်း၊ တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက် သောနည်းဖြင့် ပတ်သတ်ဆက်ဆံ ခြင်းမပြုလုပ်ရန်။
၇.၂။ လုပ်ငန်းခွင်ဧရိယာနှင့် တာဝန်ချိန် စည်းမျဉ်းစည်းကမ်းများ
(၇.၂.၁) လိုအပ်ပါကလုံခြုံရေးအရသော်လည်းကောင်း၊အခြားကိစ္စရပ်များကြောင့်သော်လည်းကောင်း စစ်ဆေးခြင်းကိုကြည်ဖြူစွာ ခံယူရမည်။
(၇.၂.၂) ကုမ္ပဏီမှ သတ်မှတ်ထားသော တာဝန်ချိန်အတိုင်း လုပ်ငန်းခွင်သို့ ဝင်ရောက်ရမည်။
(၇.၂.၃) လုပ်ငန်းခွင်သို့ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းကို Finger Print System ဖြင့်မှတ်တမ်းတင်မည် ဖြစ်ပါသဖြင့်ဝန်ထမ်းတိုင်း သည် Finger Sensor System တွင် ရိုက်နှိပ်ရပါမည်။
(၇.၂.၄) ၀န်ထမ်းတိုင်းသည်သ တ်မှတ်ဝတ်စုံဖြင့် တာဝန်ထမ်းဆောင်ရမည်။ ဝတ်စုံပေးအပ်ခြင်းမရှိသေး ပါလျှင်ရုံးနှင့် သင့်လျှော်သောဝတ်စုံကိုသာဝတ်ဆင်ရမည်။
(၇.၂.၅) ဝန်ထမ်းတိုင်းသည် တာဝန်ချိန်အတွင်း ဌာနမှူး၏ ခွင့်ပြုချက်မပါဘဲ လုပ်ငန်းခွင်ကိုအချိန် ကြာမြင့်စွာ စွန့်ခွာခြင်း၊ ပြင်ပ သို့ထွက်ခွာခြင်းမပြုရပါ။
(၇.၂.၆) ဝန်ထမ်းတိုင်းသည် လုပ်ငန်းခွင်ဧရိယာအတွင်း တာဝန်ချိန်၌ အိပ်စက်ခြင်းမပြုရ။
(၇.၂.၇) လုပ်ငန်းကိစ္စနှင့် ပတ်သတ်မှုမရှိဘဲ မိမိကိုယ်ရေးကိုယ်တာ ဧည့်သည်လာရောက်ပါက အနီးကပ် ကြီးကြပ်သူထံခွင့်ပန်ပြီး ခေတ္တခဏမျှ သွားရောက် တွေ့ဆုံရပါမည်။
(၇.၂.၈) လုပ်ငန်းခွင်ဧရိယာအတွင်း ကလေးသူငယ်နှင့် အိမ်မွေးတိရိစ္ဆာန်များ ခေါ်ဆောင်လာခြင်းကို လုံးဝခွင့်မပြုပါ။
(၇.၂.၉) တာဝန်ချိန်တွင် လုပ်ငန်းတွင်းအသုံးပြုရန် မလိုအပ်သော အပိုပစ္စည်းများ၊ အဖိုးတန် လက်ဝတ်ရတနာများ၊ ငွေပိုငွေလျံများ၊ ယူဆောင်မလာရပါ။
(၇.၂.၁၀) လုပ်ငန်းခွင်နှင့် သင့်လျော် သောဝတ်စုံကိုသာ ၀တ်ဆင်ရမည်။
၇.၃။ ဝန်ထမ်းကဒ်နှင့် တူညီဝတ်စုံ စည်းမျဉ်းစည်းကမ်းများ
(၇.၃.၁) ဝန်ထမ်းကဒ်
v ကုမ္ပဏီအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအဖြစ်အသိအမှတ် ပြုနိုင်စေရန်အတွက် ဝန်ထမ်းကဒ်များ ထုတ်ပေးထားခြင်း ဖြစ်သည်။
v ၀န်ထမ်းကပ်များကို တာဝန်ထမ်းဆောင်ချိန်အတွင်း အမြဲတပ်ဆင်ထားရမည်။
(၇.၃.၂) တူညီဝတ်စုံ (Uniform)
v ကုမ္ပဏီမှ ဌာနအလိုက် သတ်မှတ်ပြီး တူညီဝတ်စုံများကို ဝန်ထမ်းများ အားလုံးအတွက် အခမဲ့ စီစဉ်ပေးပါမည်။
v ဝန်ထမ်းတူညီဝတ်စုံ (Uniform) သည် ကုမ္ပဏီအတွင်း တာဝန်ထမ်းဆောင် နေချိန်အတွင်း အစဉ်အမြဲ ဝတ်ဆင်ထားရမည်။
v လုပ်ငန်းခွင်/အလုပ်ချိန်မဟုတ်သော ပြင်ပတွင် ဝတ်ဆင်ခြင်းမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
v အလုပ်တာဝန်မှ ရပ်စဲခြင်းခံရလျှင် သော်လည်းကောင်း၊ မိမိဆန္ဒအရ နှုတ်ထွက်သွား လျှင်သော်လည်းကောင်း ဝန်ထမ်းများသည် တူညီဝတ်စုံများကို သတ်မှတ်အရေအတွက် အတိုင်း သတ်မှတ်ရက်အတွင်း စီမံရေးရာဌာနသို့ ပြန်လည်အပ်နှံရမည်။
v တူညီဝတ်စုံများသည်သတ်မှတ်ကာလမတိုင်မှီ ဝန်ထမ်း၏ ပေါ့ဆမှုကြောင့် ပျက်စီး၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါက တန်ဖိုးအတိုင်း ပေးလျော်ရမည်။
၇.၄။ ကုမ္ပဏီ၏ အမည်နှင့် ဂုဏ်သိက္ခာအား ထိန်းသိမ်းစောင့်ရှောက်ခြင်း
(၇.၄.၁) ကုမ္ပဏီ၏အကျိုးစီးပွားအတွက် လာရောက်သော ဧည့်သည်များအား ပျူငှာစွာဖြင့် လိုအပ်သည်များ ကိုအမြန်ဆုံးထိရောက်စွာ ကူညီဆောင်ရွက် ပေးရမည်။
(၇.၄.၂) ကုမ္ပဏီ၏ ကိုယ်စားပြု ဆောင်ရွက်ရသော ကိစ္စရပ်များတွင်ကုမ္ပဏီ၏ အမည်နှင့် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသောပြုမူဆက်ဆံပုံများကို အထူးရှောင်ကြဉ်ရမည်။
(၇.၄.၃) ကုမ္ပဏီအဖွဲ့အစည်း တစ်ခုလုံးနှင့် ဆက်ဆံရသော ပြင်ပအဖွဲ့အစည်းများ၊ ဧည့်သည်များထံမှ (မိမိကိုယ်ပိုင်အကျိုးမျှော်ကိုးခြင်း) တံစိုးလက်ဆောင်၊ငွေကြေးစသည်များ လက်ခံရယူခြင်းမျိုးကို အထူးရှောင်ကြဉ်ရမည်။
(၇.၄.၄) ဧည့်သည်နှင့် ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်စေနိုင်သော အပြုအမူနှင့် အော်ဟစ်ဆူပူ ကြိမ်းမောင်းခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများကို ရှောင်ကြဉ်ရမည်။
(၇.၄.၅) မိမိကိုယ်ပိုင် ပစ္စည်းဥစ္စာ မဟုတ်သည်များကို တွေ့ရှိရပါက တာဝန်ရှိသူထံ အမြန်ဆုံး သတင်းပေးပို့ အပ်နှံရန်နှင့် သိုဝှက်ထားခြင်းမျိုးကို လုံးဝရှောင်ကြဉ်ရပါမည်။
၇.၅။ လုပ်ငန်းခွင်အတွင်း ဆက်ဆံရေး
(၇.၅.၁) လုပ်ငန်းခွင်အတွင်း၌ တစ်ဦးနှင့်တစ်ဦး (အထက်၊အောက်၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ၊ပြင်ပ) အပြန်အလှန်လေးစားမှုဖြင့် ဆက်ဆံ ဆောင်ရွက်ကြပါမည်။
(၇.၅.၂) ကုမ္ပဏီအတွင်း တရားမျှတမှုမရှိသော၊သင့်တင့် လျောက်ပတ်မှု မရှိသော၊ လုပ်ငန်းတိုးတက်မှုတွင် အနှောင့်အယှက်ဖြစ်စေသော ပြိုင်ဆိုင်မှု ပြုသူများအား လက်သင့်ခံမည်မဟုတ်ပါ။
(၇.၅.၃) မာန်မာနထောင်လွှားသူ၊ အငြိုးအတေးထား ဆက်ဆံသူ၊ တာဝန်ယူလိုစိတ်မရှိသူများသည် လုပ်ငန်း၏တိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့်အတွက် လက်သင့်ခံမည် မဟုတ်ပါ။
(၇.၅.၄) လုပ်ငန်းနှင့် ပတ်သတ်သော ရုံးတွင်းကိစ္စများ၊ အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ အချက်အလက်များအား မိမိကြောင့်ပြင်ပသို့ ပေါက်ကြားခြင်းမရှိအောင် ထိန်းသိမ်းကြရပါမည်။
(၇.၅.၅) မိမိဌာနနှင့် ပတ်သတ်သည့် အခက်အခဲများအားလည်းကောင်း၊ကုမ္ပဏီအတွင်း ကိစ္စရပ်များအား လည်းကောင်း၊ တာဝန်ရှိသူထံမှ (တိုက်ရိုက်) အပ အခြားလုပ်ငန်းနှင့် မပတ်သတ်သည့်နေရာ၊ မသက်ဆိုင်သည့် ဝန်ထမ်းများအား ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြရပါမည်။
(၇.၅.၆) လုပ်ငန်းတိုးတက်ရေးအတွက် တာဝန်အရ ပြောဆိုခြင်းကို ကြည်ဖြူစွာ လက်ခံပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။
(၇.၅.၇) မိမိလုပ်အားပါဝင်သည့်အဖွဲ့အစည်းအတွင်းအောင်မြင်မှုအတွက်ဝန်ထမ်းအားလုံးစည်းလုံးညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်သည်ဟုသံဓိဌာန်ပြုပါသည်။
၇.၆။ Department Head များ ထားရှိရမည့် စိတ်ထား
(၇.၆.၁) မိမိလက်အောက် ဝန်ထမ်းများအား Public ရှေ့တွင် ဆူပူကြိမ်းမောင်းခြင်းအား တင်းကျပ်စွာ တားမြစ်သည်။
(၇.၆.၂) မိမိလက်အောက် ဝန်ထမ်းများအား မိမိကိုယ်ရေးကိုယ်တာ ခံစားမှုအရ ချစ်ခြင်း၊ မုန်းခြင်းဖြင့် မအုပ်ချုပ်ရပါ။
(၇.၆.၃) မိမိလက်အောက် ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာရေး၊ တာဝန်ကျေပွန်စွာဖြင့် သစ္စာစောင့် သိရေးတို့မှာ မိမိပေါ်တွင်သာ လုံးလုံးလျားလျား တာဝန်ရှိပါသည်။
(၇.၆.၄) ကုမ္ပဏီနှင့် လုပ်ငန်းအပေါ် သစ္စာရှိသော၊ တာဝန်ကျေသော၊ စည်းကမ်းလိုက်နာသော ဝန်ထမ်းကောင်း များ၏လုပ်ဆောင်ရည်ကို အမြဲချီးကျူး၍ ကုမ္ပဏီမှတာဝန်ရှိသူများ သိသာစေရန် တင်ပြပေးရမည်။ ထိုသို့ မိမိအဖွဲ့အစည်းအတွင်း ဝန်ထမ်းကောင်းတစ်ယောက် ရရှိနေခြင်းအတွက် မိမိကိုယ်ကို ဂုဏ်ယူပါ။
(၇.၆.၅) မိမိလက်အောက်ဝန်ထမ်းများ မှားနေလျှင် မိမိအရင်သိရမည်။ မှားကြောင်းလက်ခံရမည်။ အရေးယူမှုဖြင့်ပြုပြင်ရမည်။ထိုအကြောင်းကို တာဝန်ရှိသူထံ သတင်းပို့သူမှာ မိမိသာအရင် ဖြစ်သင့်သည်။ဖုံးဖိလျစ်လျူ ပြုထားခြင်း၊အခြားသူများကို ရန်လိုခြင်း လုံးဝ( လုံးဝ ) မရှိရပါ။
(၇.၆.၆) လက်အောက်ဝန်ထမ်းများကမိမိ၏ရာထူး (Rank) ကိုသာမက မိမိကိုယ်ပါ လေးစားအောင် ပြုမူနေထိုင်ရပါမည်။
အခန်း (၈)
ဝန်ထမ်းဆိုင်ရာ ပြစ်မှုများ
အဖွဲ့အစည်းအတွင်း စည်းကမ်းမဲ့သော အပြုအမူများ ရှောင်ရှားနိုင်စေရန်နှင့် သာယာအေးချမ်းသော လုပ်ငန်းခွင် တစ်ခု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပြစ်မှု၊ ပြစ်ဒဏ်များကို အောက်ပါအတိုင်း သတ်မှတ် ထားရှိပါသည်။
၈.၁။ ဝန်ထမ်းအားသတိပေးခြင်းနှင့် အလုပ်မှထုတ်ပယ်ခြင်း
(၈.၁.၁) ပထမအကြိမ်နှုတ်ဖြင့် သတိပေးခြင်း (က) အဆင့်
မည်သည့်ဝန်ထမ်းကိုမဆို ကျူးလွန်သည့် အပြစ်အကြီးအသေး အပေါ်မူတည်၍ စာဖြင့်သတိပေးခြင်း မပြုလုပ်မီ အပြစ်ကျူးလွန်သည့် ၀န်ထမ်းအား ဌာမှူးမှခေါ်၍ပညာပေးခြင်း (Counselling) ပြုလုပ်၍ နှုတ်ဖြင့်သတိပေးခြင်းကို ပထမ အကြိမ် နှုတ်ဖြင့်သတိပေးခြင်း (က) အဆင့် (Verbal Warning) ဟုသတ်မှတ်သည်။
ပထမအကြိမ် နှုတ်ဖြင့်သတိပေးခြင်း(က) အဆင့်တွင် အကျုံးဝင်သည့် ပြစ်ချက်များမှာ.
v လုပ်ငန်းခွင်ကို နောက်ကျဝင်ရောက်ခြင်း။
v ပေးအပ်ထားသော တာဝန်ကိုပေါ့လျော့ခြင်း။
v ၀န်ထမ်းကဒ်နှင့် Name Tag ချိတ်ဆွဲရန် ပျက်ကွက်ခြင်း။
v Uniform ကိုသပ်ရပ်စွာ ၀တ်ဆင်မှုမရှိခြင်း၊ ၀တ်ဆင်ရန်ပျက်ကွက်ခြင်း။
v တာဝန်ချိန်အတွင်း လုပ်ငန်းနှင့်မသက်ဆိုင်သည့် ကိုယ်ရေးကိုယ်တာ ကိစ္စများပြုလုပ်ခြင်း၊
v သတ်မှတ်နေရာတွင် မဟုတ်ဘဲ ဆေးလိပ်သောက်သုံးခြင်း၊ ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့်
v တယ်လီဖုန်းပြောဆိုခြင်းကိုလုပ်ငန်းတာဝန်ထိခိုက်စေနိုင်သည် အထိ ပြောဆိုခြင်း။
v အိမ်မွေးတိရစ္ဆာန်များအား လုပ်ငန်းခွင်အတွင်းသို့ ခေါ်ဆောင်လာခြင်း။
v အချိန်မီ ခွင့်တိုင်ကြားမှုမရှိခြင်း။
v ဌာနအတွင်း အသေးစိတ် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း၊
v လုပ်ငန်းအတွင်းရှိ ကုမ္ပဏီပိုင်ပစ္စည်းများကို ကိုင်တွယ်သုံးစွဲရာတွင် ပေါ့ဆမှုကြောင့် ဆုံးရှုံးပျက်စီးစေခြင်း။ (ဆုံးရှုံးမှုဖြစ်လျှင် ပစ္စည်းတန်ဖိုးအား ပေါ့ဆသူဝန်ထမ်းမှပေးလျော်ရပါမည်။)
v လုပ်ငန်းခွင်တွင် မိမိဌာနမှ တာဝန်ပြီးဆုံး၍ ထွက်ခွာရန် သတ်မှတ်ချိန်ထက် ကြိုတင်ထွက်ခွာခြင်း၊
v လုပ်ငန်းခွင်အတွင်း အိပ်စက်နားနေခြင်း။
v အလုပ်ချိန်အတွင်း ခွင့်ပြုချက်မရှိဘဲ ဧည့်သည်လက်ခံတွေ့ဆုံခြင်း။
v လုပ်ငန်းခွင်အတွင်း လုပ်ငန်းနှင့်မသက်ဆိုင်သော ပစ္စည်းများယူဆောင်သုံးစွဲခြင်း။
v လုပ်ငန်းခွင်အတွင်း ကွမ်းစားခြင်း။
v ကလေးများအား လုပ်ငန်းခွင်အတွင်းသို့ ခေါ်ဆောင်လာခြင်း။
အထက်ဖော်ပြပါ အချက်များမှ တစ်စုံတစ်ရာကို ကျူးလွန်လျှင် ပထမအကြိမ်(က)အဆင့်နှုတ်ဖြင့် သတိပေးခြင်းခံရမည်။
ထိုသို့ သတိပေးရာတွင် တာဝန်ရှိသူများ အနေဖြင့် အပြစ်ကျူးလွန်သူ ဝန်ထမ်းကို ယခုလိုတွေ့ဆုံ ပညာပေးခြင်း သည် (က) အဆင့် ပထမအကြိမ် နှုတ်ဖြင့် သတိပေးခြင်းဖြစ်ကြောင်းကိုလည်း နားလည်သဘောပေါက်စေရန် ရှင်းလင်းစွာ ပြောကြားရမည်။ ထို့နောက် ကျူးလွန်သူ ဝန်ထမ်း၏ ကိုယ်ရေးမှတ်တမ်း Profile နောက်တွင် သတိပေးထားသည့် နေ့ရက်၊ အချိန်နှင့်တကွ အကြောင်းအရာကို အတိုချုံး မှတ်သားကာ ကျူးလွန်သူဝန်ထမ်း၏ လက်မှတ်ကို Profile နောက်တွင် ရယူ ထားမည် ဖြစ်သည်။
(၈.၁.၂) ပထမအကြိမ်စာဖြင့် သတိပေးခြင်း (ခ) အဆင့်
ပထမအကြိမ် စာဖြင့် သတိပေးခြင်း (ခ) အဆင့်တွင် အကျုံးဝင်သည့် ပြစ်ချက်များမှာ.
v (က) အဆင့် နှုတ်ဖြင့်သတိပေးပြီးသော်လည်းထပ်မံကျူးလွန်ခြင်း။
v ကုမ္ပဏီ၏ ကြေငြာသင်ပုန်းတွင် ကပ်ထားသော ကြေငြာစာများကို တမင်သက်သက် ဖျက်ဆီးခြင်း၊ ပုံသဏ္ဍန်
ပျက်စေခြင်း။
v မိမိလုပ်ငန်းတွင် အသုံးပြုနေသော ကုမ္ပဏီပိုင် ပစ္စည်းများကို လုပ်ငန်းတာဝန်ပြီးဆုံးသော်လည်း စနစ်တကျ
ထိန်းသိမ်းမှု မရှိခြင်း။
v မိမိတာဝန်ထမ်းဆောင်နေသော ပတ်ဝန်းကျင်တစ်ဝိုက်၏ သန့်ရှင်းစင်ကြယ်မှုကို အလေးမထားခြင်း။
v အထက်ဖော်ပြပါ အချက်များမှ တစ်စုံတစ်ရာကို ကျူးလွန်လျှင် ဒုတိယအကြိမ် (ဂ) အဆင့်စာဖြင့် သတိပေးခြင်း ခံရမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက နောက်ဆုံးအကြိမ်စာဖြင့်သတိပေးခြင်း (ဃ)အဆင့် တို့ဖြင့် ဆက်လက် ဆောင်ရွက်သွားပါမည်။
(၈.၁.၃) ဒုတိယအကြိမ် စာဖြင့် သတိပေးခြင်း (ဂ) အဆင့်
v လုပ်ငန်းခွင်အတွင်းတာဝန်ထမ်းဆောင်နေစဉ်လုပ်ငန်းနှင့်မပတ်သက်သောအော်ဟစ်လှောင်ပြောင်ရယ်မော ခြင်း၊ သီချင်းဆိုခြင်း၊ စကားကို ကျယ်လောင်စွာ ပြောဆိုခြင်း။
v ဝန်ထမ်းရေးရာ ဌာန (H.R) ဌာနသို့ အသိမပေးဘဲ လုပ်ငန်းခွင်အတွင်းညအိပ် ညနေနေခြင်း။
v လုပ်ငန်းအတွင်း ကုမ္ပဏီမှ ချမှတ်ထားသော စည်းကမ်းအား ဖောက်ဖျက်ရန် လှုံ့ဆော်ခြင်းနှင့် အချင်းချင်း ကူညီမှု ပေးခြင်း။
v မိမိလုပ်ပိုင်ခွင့်ထက်ကျော်လွန်၍ လုပ်ကိုင်ခြင်း၊ ဆုံးဖြတ်ခြင်း၊ မိမိ၏ လုပ်ငန်းအခြေအနေ တင်ပြရန် ပျက်ကွက်မှု ကြောင့် ကုမ္ပဏီလုပ်ငန်း လွန်စွာထိခိုက်ခြင်း။
v ပေးအပ်သော လုပ်ငန်းတာဝန်အား သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်စွမ်းမရှိခြင်း။
v အမှန်တစ်ကယ် ပြုပြင် ထိန်းသိမ်းရန် လိုအပ်သည်များကို ဌာနမှူးနှင့် တာဝန်ရှိသူများထံ တင်ပြခြင်းမရှိဘဲ လျစ်လျူ ရှုထားခြင်း။
v ဌာနမှူး၏ ကိုယ်စား ဌာနမှူး၏ ခွင့်ပြုချက်မရဘဲ ကိုယ်စားလှယ်လက်မှတ် ရေးထိုးခြင်း။ (ဥပမာ.ငွေထုတ်ယူခြင်း၊ ပစ္စည်းထုတ်ပုံစံ၊ ခွင့်စာ)
v ဝန်ထမ်းရေးရာ (H.R) ဌာနသို့ အကြောင်းကြားခြင်း မရှိဘဲ ဝန်ထမ်းခန့်အပ်ခြင်းနှင့် ဝန်ထမ်းအား အလုပ်တာဝန်မှ ရပ်စဲခြင်း။
v စာဖြင့်သတိပေးခြင်းအဆင့်အားသက်ဆိုင်ရာဌာနမှူးများမှ ဝန်ထမ်းအားခေါ်ယူသတိပေးပြီးသိရှိကြောင်း လက်မှတ် နှင့်အတူဝန်ထမ်းရေးရာ (H.R) ဌာနသို့စာဖြင့်အကြောင်းကြားရမည် ဖြစ်သည်။
၎င်းဝန်ထမ်းအားလိုအပ်သည့် သတိပေးခြင်း အဆင့်ဆင့်ကို ဝန်ထမ်းရေးရာ (H.R) ဌာနမှသာ စည်းမျဉ်းစည်းကမ်း များနှင့် အညီ ဆက်လက် အကြောင်းကြား အရေးယူသွားမည် ဖြစ်သည်။
အထက်ပါအချက်များမှ တစ်စုံတစ်ရာကို ထပ်မံကျူးလွန်လျှင် သော်လည်းကောင်း၊ အခြားကျင့်ဝတ်စည်းကမ်း တစ်ခုခုကို ထပ်မံ ဖောက်ဖျက်လျှင် သော်လည်းကောင်း အလုပ်မှ ရပ်နားခြင်း ခံရမည် ဖြစ်သည်။
(၈.၁.၄) ဒုတိယအကြိမ် စာဖြင့် သတိပေးခြင်း (ဂ) အဆင့်
အထက်ဖော်ပြပါပထမအကြိမ်နှုတ်ဖြင့်သတိပေးခြင်း၊ ပထမအကြိမ်စာဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ်စာဖြင့် သတိပေးခြင်းများပေးပြီးသော်လည်း အလားတူပြစ်မှုများအားထပ်မံကျူးလွန်မည်ဆိုပါကေ နာက်ဆုံးအကြိမ်စာဖြင့် သတိပေးခြင်း (ဃ) အဆင့်ဖြင့်သတိပေးခြင်း ခံရမည်ဖြစ်သည်။
(၈.၁.၅) အလုပ်မှထုတ်ယ်ခြင်းအဆင့်
ဝန်ထမ်းတစ်ဦးဦးသည် အောက်ဖော်ပြပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက အလုပ်မှ ချက်ခြင်း ထုတ်ပယ်ခြင်း ခံရမည်။
v ခိုးမှု၊ အကြမ်းဖက်မှု၊ ဖိအားပေးမှု များကျူးလွန်ခြင်း။
v ကုမ္ပဏီမူဝါဒ သို့မဟုတ် ကျင့်ဝတ်များကို ပြင်းထန်စွာချိုးဖောက်ခြင်း။
v လျှို့ဝှက်မှု သို့မဟုတ် ဒေတာလုံခြုံရေး ဖောက်ဖျက်မှု။
v ကုမ္ပဏီအားထိခိုက်စေသော ရာဇ၀တ်မှုများ။
v သတိပေးချက်များကြားမှ တသမတ်တည်း စွမ်းဆောင်ရည်နိမ့်ကျခြင်း။
v အကြောင်းပြချက်မရှိဘဲ ရက်ရှည်ပျက်ကွက်ခြင်း သို့မဟုတ် နောက်ကျခြင်း။
v အလုပ်ခွင်တွင်အနှောက်အယှက်ဖြစ်စေမှု သို့မဟုတ် အထက်အရာရှိများအား မလိုက်နာမှု။
v အချိန်အတွင်း အလုပ်မှန်းထားချက်များ မပြည့်မီမှု။
v ထပ်ခါတလဲလဲ အသေးစားမူဝါဒချိုးဖောက်မှုများ (၀တ်စားဆင်ယင်မှု၊ ရုံးကျင့်ဝတ်)။
v အသင်းအဖွဲ့စိတ်ဓာတ်ကို ထိခိုက်စေသော သဘောထားညံ့ဖျင်းခြင်း။
v ထိတွေ့ဆက်ဆံမှုနည်းခြင်း သို့မဟုတ် တိုးတက်လိုစိတ်မရှိခြင်း။
(၈.၁.၆) ၀န်ခံလတ်မှတ်ရယူခြင်း။
အထက်ပါ(က)၊(ခ)၊(ဂ) နှင့် (ဃ) အဆင့်တွင် မည်သည့်ပြစ်မှုကို ကျူးလွန်သည်ဖြစ်စေ အပြစ်ပေးသူနှင့် အပြစ် ခံယူသူတို့၏ လက်မှတ်ကို အကြောင်းအရာ ဖြစ်စဉ်နှင့် တွဲ၍ နေ့ရက်၊ အချိန်အတိအကျတို့ကို မှတ်တမ်းပြုစုပြီး မူရင်းကို ရုံးလက်ခံ၊ မိတ္တူကို ကာယကံရှင်နှင့် သက်ဆိုင်ရာဌာနမှူး၊ ဝန်ထမ်းရေးရာဌာနမန်နေဂျာနှင့် အုပ်ချုပ်မှုဒါရိုက်တာထံသို့ ပေးအပ် မည်ဖြစ်သည်။
၈.၂။ ပြန်လည်ခန့်အပ်ခြင်းအတွက် အချိန်သတ်မှတ်ခြင်း။
လုပ်ငန်းတွင် အရေးပါသော ဝန်ထမ်းကောင်းတစ်ဦးသည် ပြစ်ချက်တစ်စုံတစ်ရာမရှိဘဲ မိမိ၏ဆန္ဒအရ အရေးပေါ် ကိစ္စရပ်ကြောင့် အလုပ်တာဝန်မှဝန်ထမ်းရေးရာမူဝါဒနှင့်အညီနှုတ်ထွက်သွားခဲ့ပါကသက်ဆိုင်ရာမန်နေဂျာ၏ ထောက်ခံချက် လက်မှတ်နှင့်အတူ အလုပ်ပြန်လည် လက်ခံခွင့်ရှိသည်။
ကုမ္ပဏီမှ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်သည့်ဝန်ထမ်းအား (၆)လအတွင်း ကုမ္ပဏီတွင်ပြန်လည်တာဝန် ထမ်းဆောင်ခွင့်မရှိ၊ ကုမ္ပဏီမှ ထုတ်ပယ်ခြင်းခံရသော ဝန်ထမ်းအား မည်သည့်အကြောင်းကြောင်းကြောင့်ဖြစ်စေ၊ထုတ်ပယ် ခံရသည့်နေ့မှ နောင်တစ်နှစ်အတွင်း ကုမ္ပဏီမှ ပြန်လည်ခန့်အပ်မည်မဟုတ်ပါ။
(မှတ်ချက် ။ ။ ခွင့်မဲ့ပျက်ကွက်ခြင်းဖြင့်ထုတ်ပယ်ခံရသောဝန်ထမ်းများမှအပအခြားပြစ်မှုဖြင့်ထုတ်ပယ်ခံရသောဝန်ထမ်း များအားပြန်လည်ခန့်အပ်မည်မဟုတ်ပါ။)
၈.၃။ ကုမ္ပဏီ၏ ထောက်ခံချက် (Recommend Letter) ပေးအပ်ခြင်း။
ကုမ္ပဏီတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ဝန်ထမ်းတစ်ယောက်သည် ကုမ္ပဏီ၏ ဝန်ထမ်းရေးရာ မူဝါဒနှင့်
အညီ နှုတ်ထွက်ခဲ့ပါက ကုမ္ပဏီမှ (Recommend Letter) ထုတ်ပေးပါမည်။
(၈.၃.၁) ကုမ္ပဏီနှင့် လက်တွဲခဲ့သည့် အလုပ်သက်တမ်း တစ်လျှောက် ကြီးမားသော ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိရပါ။
(၈.၃.၂) ဌာနမှူးမှ အကဲဖြတ်သော (Performance Appraisal) ရမှတ်ကောင်းများရရှိပါမည်။
(၈.၃.၃) အနည်းဆုံး လုပ်သက် တစ်နှစ်ပြည့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ရပါမည်။
အခန်း (၉)
နှုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း၊ ကရုဏာကြေး ပေးအပ်ခြင်း
၉.၁။ အလုပ်တာဝန်မှ ရပ်နားခြင်း။
အောက်ပါအချက် (၄) ချက်ဖြင့် အလုပ်တာဝန်မှ ရပ်နားခြင်းကို သတ်မှတ်မည်။
(၉.၁.၁) ဝန်ထမ်း၏ ဆန္ဒအရ နှုတ်ထွက်ခြင်း။(စီမံခန့်ခွဲရေးအဖွဲ့မှ ခွင့်ပြုလက်ခံခြင်း) (Resignation)
(၉.၁.၂) အလုပ်မှ ရပ်ဆိုင်းခြင်း။ (Termination)
(၉.၁.၃) ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်းစည်းကမ်းနှင့်မညီညွတ်၍ အလုပ်တာဝန်မှ ရပ်စဲခြင်းနှင့် ထုတ်ပယ်ခြင်း။ (Dismiss)
(၉.၁.၄) ကွယ်လွန်ခြင်း။ (Decease)
Ø (၉.၁.၁) ဝန်ထမ်း၏ ဆန္ဒအရ နှုတ်ထွက်ခြင်း။(စီမံခန့်ခွဲရေးအဖွဲ့မှ ခွင့်ပြုလက်ခံခြင်း) (Resignation)
အစမ်းခန့်ကာလ ဝန်ထမ်းများသည် (၁) ပတ်ကြိုတင်၍ သော်လည်းကောင်း၊ အမြဲတမ်းဝန်ထမ်းများသည် (၁)လကြိုတင်၍ သော်လည်းကောင်း၊ ဌာနမှူး၏ သဘောတူညီချက်ဖြင့် စောလျင်စွာ နှုတ်ထွက်ခြင်းကိုလည်း ကောင်း၊နှုတ်ထွက်လွှာကို ဌာနမှူးမှတစ်ဆင့်ဝန်ထမ်းရေးရာဌာနသို့ ပေးပို့ရမည်ဖြစ်ပါသည်။ ဝန်ထမ်းရေးရာဌာနမှ အဆင့်ဆင့်တင်ပြပြီး မူဝါဒနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်။ ထိုသို့ဆောင်ရွက်ခြင်း မပြုခဲ့ပါက အလုပ်မှ ထုတ်ပယ်ခြင်း(Termination) အဖြစ် သတ်မှတ်မည်ဖြစ်ပါသည်။
မှတ်ချက် - အလုပ်မှ နှုတ်ထွက်ခြင်း မပြုမီ မိမိတာဝန်ယူထားသော ပစ္စည်းများ၊ စာရင်းအင်း ကိစ္စရပ်များ၊ ငွေကြေးကိစ္စများ ရှင်းလင်းပြီးမှသာ တရားဝင်နှုတ်ထွက်ခြင်း ဖြစ်ပြီး ခံစားသင့်သောလစာကို ထုတ်ပေးမည် ဖြစ်သည်။
Ø (၉.၁.၂) အလုပ်မှ ရပ်ဆိုင်းခြင်း။ (Termination)
v ကြိုတင်လျှောက်ထားခြင်း မရှိဘဲ ဝန်ထမ်း၏ ဆန္ဒအရ နှုတ်ထွက်ခြင်း၊
v အစမ်းခန့် ဝန်ထမ်းအား တာဝန်၊ အရည်အချင်းနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ရပ်ဆိုင်းခြင်း၊
v သတ်မှတ်သက်တမ်း တစ်ခုအတွင်း စာချုပ်ဖြင့် ငှားရမ်းခြင်းအတွက် သက်တမ်းအရ ရပ်ဆိုင်းခြင်း၊
Ø (၉.၁.၃) ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်းစည်းကမ်းနှင့်မညီညွတ်၍ အလုပ်တာဝန်မှ ရပ်စဲခြင်းနှင့် ထုတ်ပယ်ခြင်း။(Dismiss)
မည်သည့်ဝန်ထမ်းမဆို အကျင့်စာရိတ္တနှင့် ပတ်သက်လျှင်သော်လည်းကောင်း၊ ကုမ္ပဏီ၏ အကျိုးစီးပွား ပျက်စီးစေ ရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်လျှင်သော်လည်းကောင်း၊ အလုပ်တာဝန်နှင့် ရာထူးမှ ထုတ်ပယ်သွားမည် ဖြစ်ပါသည်။
သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီ နှုတ်ထွက်ခြင်းကို မဆောင်ရွက်လျှင်သော် လည်းကောင်း၊ ကြီးမားသော ပြစ်မှုဖြင့် အလုပ်တာဝန်မှ ရပ်စဲခံရလျှင် သော်လည်းကောင်း လုပ်ခလစာ ခံစားခွင့် ပြုမည်မဟုတ်ပါ။
Ø (၉.၁.၄) ကွယ်လွန်ခြင်း။ (Decease)
ဝန်ထမ်းသည်အကြောင်းကြောင်းကြောင့်သေဆုံးသွားခဲ့ပါကဝန်ထမ်းအဖြစ်မှအလိုအလျောက်ရပ်စဲပြီးဖြစ်ပါသည်။
၉.၂။ ကရုဏာကြေးပါသော အလုပ်မှ ရပ်နားခြင်း
(၉.၂.၁) စီမံခန့်ခွဲသူ အလုပ်ရှင်သည် မမျှော်လင့်သော အကြောင်းကြောင့် လုပ်ငန်းတစ်ခုလုံးကိုသော် လည်းကောင်း၊ လုပ်ငန်းတစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ရပ်ဆိုင်းလိုက်လျှင် ဝန်ထမ်းများအား အောက်ပါ ကရုဏာကြေးပေးပြီး အလုပ်မှရပ်နားနိုင်သည်။
ကရုဏာကြေးခံစားခွင့်များ
လုပ်သက်နှစ်များ |
ကရုဏာကြေး |
လုပ်သက် (၆) လပြည့်ပြီး (၁) နှစ် မပြည့်ပါက |
နစ်နာကြေးလဝက်စာ |
လုပ်သက် (၁) နှစ်ပြည့်ပြီး (၂) နှစ်မပြည့်ပါ |
နစ်နာကြေးတစ်လစာ |
လုပ်သက် (၂) နှစ်ပြည့်ပြီး (၃) နှစ်မပြည့်ပါ |
နစ်နာကြေးတစ်လခွဲစာ |
လုပ်သက် (၃) နှစ်ပြည့်ပြီး (၄) နှစ်မပြည့်ပါ |
နစ်နာကြေးသုံးလစာ |
လုပ်သက် (၄) နှစ်ပြည့်ပြီး (၆) နှစ်မပြည့်ပါ |
နစ်နာကြေးလေးလစာ |
လုပ်သက် (၆) နှစ်ပြည့်ပြီး (၈) နှစ်မပြည့်ပါ |
နစ်နာကြေးငါးလစာ |
လုပ်သက် (၈) နှစ်ပြည့်ပြီး (၁၀) နှစ်မပြည့်ပါ |
နစ်နာကြေးခြောက်လစာ |
လုပ်သက် (၁၀) နှစ်ပြည့်ပြီး (၂၀) နှစ်မပြည့်ပါ |
နစ်နာကြေးရှစ်လစာ |
လုပ်သက် (၂၀) နှစ်ပြည့်ပြီး (၂၅) နှစ်မပြည့်ပါ |
နစ်နာကြေးတစ်ဆယ်လစာ |
လုပ်သက် (၂၅) နှစ်နှင့်အထက်ရှိပါက |
နစ်နာကြေးတစ်ဆယ့်သုံးလစာ |
(၉.၂.၂) နစ်နာကြေးများကို တွက်ချက်ရာတွင် လခစားဖြစ်လျှင် နောက်ဆုံးရရှိသည့် လစာဖြင့် တွက်ချက်ရမည်။
(၉.၂.၃) အလုပ်သမားဆိုင်ရာတည်ဆဲဥပဒေများအရ (သို့) သက်ဆိုင်ရာညွှန်ကြားချက်များ အရပေးရန်ရှိ သည်တို့ကို လည်းစီမံခန့်ခွဲသူ အုပ်ချုပ်ရေးအဖွဲ့က စောလျင်နိုင်သမျှစောလျင်စွာ အကြေအလည် ရှင်းပေးရမည်။
၉.၃။ ကရုဏာကြေးမပါသော အလုပ်မှ ရပ်နားခြင်း။
အောက်ပါ အချက်များကြောင့် အလုပ်ရပ်ဆိုင်းခြင်း ခံထားရသူများသည် ကရုဏာကြေး ခံစားခွင့် မရှိစေရ။
(၉.၃.၁) ကြိုတင်နှုတ်ထွက်ခွင့် မတင်ဘဲ မိမိဆန္ဒအလျောက် နှုတ်ထွက်သူ။
(၉.၃.၂) စည်းကမ်းဖောက်ဖျက်မှုကြောင့် လည်းကောင်း၊ အကျင့်ပျက်မှုကြောင့် လည်းကောင်း အလုပ်တာဝန်မှ
ရပ်ဆိုင်းလိုက်သူ။
(၉.၃.၃) ယာယီအစမ်းခန့် ဝန်ထမ်းအဖြစ်မှ ရပ်ဆိုင်းခြင်း၊ သင်တန်းသား(သို့) စာချုပ်ဖြင့် ငှားရမ်းထားသူများမှ
သတ်မှတ်ကာလ ကုန်ဆုံးသူ။
၉.၄။ ကြိုတင်အသိပေး၍ အလုပ်တာဝန်မှ ရပ်စဲခြင်း။
အကျင့်စာရိတ္တနှင့် ပတ်သက်လျှင်သော်လည်းကောင်း၊ ကုမ္ပဏီအတွက်ကြီးမားသောနစ်နာဆုံးရှုံးမှုကို တမင်ဖန်တီး လျှင်သော်လည်းကောင်း၊ မည်သည့်ဝန်ထမ်းကိုမဆိုကရုဏာကြေးမပါဘဲ (၄၈) နာရီအတွင်းအလုပ်တာဝန်မှ ရပ်စဲနိုင်သည်။
၉.၅။ အလုပ်လွှဲပြောင်း လက်ခံခြင်း။
အလုပ်တာဝန်မှ နှုတ်ထွက်သူများ (သို့) ရပ်ဆိုင်းခံရသူများသည် မိမိလုပ်ကိုင်ခဲ့ရသည့် (သို့) လက်ရှိလုပ်ကိုင်နေရ သည့် လုပ်ငန်းတာဝန်များ၊ လုပ်ငန်းတာဝန်နှင့် ဆက်စပ်သူများ၊ ဆက်စပ်လုပ်ကိုင်ရသော စာရင်းများ၊ ဆက်စပ်အသုံးအ ဆောင်ပစ္စည်းများကို လွှဲပြောင်းလက်ခံမည့် သူထံသို့ စနစ်တကျ လွှဲပြောင်းပေးခြင်း၊ ငွေကြေးကိစ္စနှင့် စာရင်းဇယားများကို ငွေစာရင်းဌာနသို့ စနစ်တကျ ရှင်းလင်းဆောင်ရွက် ပေးရမည်ဖြစ်ပြီး လိုအပ်၍ ကုမ္ပဏီမှ ဆက်သွယ် ခေါ်ယူပါကလည်း အမြန်ဆုံး လာရောက်ပြီး ပြီးပြတ်အောင် ရှင်းပေးရမည် ဖြစ်သည်။
အခန်း (၁၀)
အငြင်းပွားမှုနှင့် မကျေနပ်မှုများ
ကုမ္ပဏီ၏ မူဝါဒအရ ဝန်ထမ်းများ၏ မကျေနပ်မှုများ ပေါ်ပေါက်လျှင် ချက်ချင်းတရားမျှတစွာ ဖြေရှင်းပေးမည်ဖြစ် သည်။ ဖြစ်ပေါ်လာသည့် မကျေနပ်မှုများကို ဌာနမှူးမှ တစ်ဆင့် သက်ဆိုင်ရာ အထွေထွေမန်နေဂျာ ထံသို့စာဖြင့်တင်ပြပြီး အလုပ်ချိန် (၃) ရက်အတွင်း ဝန်ထမ်းရေးရာ ဌာနသို့ အကြောင်းကြားပြီး ဖြေရှင်းပေးရမည်။ အကယ်၍ ပြေလည်အောင် ဖြေရှင်းရန် အခက်အခဲ ရှိပါက ဝန်ထမ်းရေးရာ ဌာနနှင့် ပူးပေါင်းဆောင်ရွက်ချက်ဖြင့် အထွေထွေမန်နေဂျာ၏ ဆုံးဖြတ်ချက် သည် အတည်ဖြစ်စေရမည်
အခန်း (၁၁)
အတည်ပြု သက်ရောက်ခြင်း
ဤပြဌာန်းချက်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ (၁) ရက်နေ့မှစတင် အတည်ပြု သက်ရောက်မှုရှိသည်။
There are no comments for now.